နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို
ကော်ဖီ
ပုံကိုကြည့်ပါ။ အဲဒီ ကော်ဖီသီးက မှည့်နေပြီ။ ဒါပေမယ့် …။ “ဒါပေမယ့်” ဆိုတာကို ကျွန်တော်က ဒါပေတဲ့လို့ ရေးချင်တာ။ ဒါပေမယ့် မရေးရဲဘူး။ မရေးရဲတာက သူများကြောင့် မဟုတ်ဘူး။ ကိုယ့်ကြောင့်။ ဒါပေတဲ့ လို့သုံးတဲ့ စာရေးသူကြီးတွေက နည်းတယ်။ ကျွန်တော်က စိုးရိမ်တကြီး ဒီကောင် ဒီလူ့စာတွေ လွှမ်းမိုးခံရပါသော်ကော ဆိုတာမျိုး ပြောကြမှာ ကြောက်တာ။ ကြောက်စိတ်ဆိုတာ
ကော်လိုရာဒိုကရေးတဲ့စာ
ဖာမီဝိရောဓိကိုရေးပြီး ယူကျူ့မှာ အဲဒီဝိရောဓိကို သွားတွေ့တာပဲ။ ဖတ်တဲ့သူ ဝိယောဓိလို့ဖတ်နေလို့ နားတော့ မထောင်ခဲ့ဘူး။ မြန်မာစာမှာ ရကောက်နှင့် ယပက်လက် အသံက တူနေတာကိုး။ မြန်မာစာက ဗြဟ္မီအက္ခရာကို မှီငြမ်းခဲ့တာဆိုတော့ ရှိတဲ့အတိုင်း လိုက်ကူးခဲ့ကြပုံပဲ။ ထွင်လည်း မထွင်တတ်တော့ အရှိအတိုင်းပဲ ကူးရတာပေါ့လေ။ ၄၀ ကျော်ရော။ ပိုကုန်ရော။ ဒါနဲ့ အပိုအက္ခရာကို အလကားမဖြစ်အောင် ကြံရတာပေါ့။ ပါသက်တွေ
ဖာမီဝိရောဓိ
ကျွန်တော် ဤဖာမီဝိရောဓိ ဆိုသော စကားလုံးကို အတော်ပင် ကြိုက်သွားမိ၏။ ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်မှတ်မိနေဆဲ အကြောင်းတခုကြောင့် ဖြစ်ပါသည်။ လူတယောက်က “မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော ပဋိပက္ခများပင် ရှိနေစေဦးတော့၊ အကောင်းမြင်စိတ်ဖြင့် မြန်မာ့လူမှုရေးနှင့် စီးပွားရေး တိုးတက်စေရန်အတွက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်သင့်ကြောင်း၊ လက်ရှိ ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းများကိုလည်း ထပ်မံတိုးချဲ့သင့်ကြောင်း၊ ထပ်မံ ပေါ်ပေါက်လာမည့် မူဝါဒအသစ်များနှင့်
ဟောင်းတူခေတ်
တနေ့တွင် အဝိုင်းလိုက် ခြင်ထောင်တလုံး ဝယ်မိသည်။ ညအိပ်ခါနီး ထိုခြင်ထောင်ကို ထောင်တုန်းက ဘာမှ မခက်သလို ဖြစ်နေသည်။ မနက် ထိုခြင်ထောင်ကို ခေါက်ဖို့ လုပ်တော့မှ လှည့်လိုက်တိုင်း ကျိုးတော့မည့်အသွင်တွင် ရှိနေသည်။ မည်သို့ပင် လှည့်လှည့် မရ။ ကျွန်တော့်၏ အလုပ်သစ်တခုအပေါ် မတိမကျ ဆုံးဖြတ်ချက်ချတတ်သော အကျင့်ကြောင့် ဖြစ်မည်ဟု ပြန်တွေးသည်။ ကျွန်တော်သည် မလုပ်ဖူးသော အလုပ်သစ်တိုင်း
တောင်ကုန်းပေါ်ကစံအိမ်
တောင်ကုန်းဟု ပြောလိုက်တော့ စိတ်က စနိုးစနောင့်ဖြစ်သွားသည်။ တောင်ထိပ်ဟု ပြောရမည်လား တချက်တွေးသေးသည်။ ပိုဆိုးကုန်မလားဆိုသည့် ကြောင့်ကြစိတ်က ဝင်လာပြန်သည်။ အကြောင်းမှာ ဗမာစကားကို ပြောသည့်အခါ၌ လိင်ကိစ္စနှင့် ဆက်နွယ်နေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ ပြောကြသည့် ယဉ်ကျေးမှုတခု ထွန်းကားနေသောကြောင့် ဖြစ်သည်။ လိင်ကိစ္စနှင့် အတော်ကလေး နီးစပ်လျင် မည်သူမဆို ထိုအသုံးအနှုန်းကို မိန့်ခွန်း၊ အစည်းအဝေး၊ သင်ကြားခြင်း၊ စကားဝိုင်းတွင်
နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း
သတို့သား သကောင့်သားဒီမောင်နှင့် သတို့သမီး မအဝှာဟိုဒင်းတို့နှစ်ဦးသည် လက်ထပ်စာချုပ်၏ မိမိတို့နှင့် သက်ဆိုင်သော ကွက်လပ်များတွင် မှတ်ပုံတင်ထဲပါသည့် မိမိတို့၏ နာမည်အစစ်ကို သေချာကူးချပြီး၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်နှင့် ကိုးကွယ်သည့်ဘာသာတို့ကို သေချာစွာရေးချလိုက်သည်။ ထို့နောက် အတူပါလာသည့် သတို့သားဘက်မှ အသိသက်သေနှင့် သတို့သမီးဘက်မှ အသိသက်သေတို့ဆီ တလှည့်စီ ပေးလိုက်ပြီး နာမည်စသည့်အပြည့်အစုံများကို ဖြည့်စေ၍ လက်မှတ်ထိုးစေသည်။ ထိုသူများမှတဆင့် နှစ်ဖက်မိဘများထံသို့ လက်မှတ်ထိုးရန်