ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်မှ သူငယ်ချင်းများတို့ရဲ့ ကြော်ငြာထားတဲ့အတိုင်း တတိယအကြိမ် ဆည်းဆာရိပ်သို့ လှူဒါန်းမည့် အစီအစဉ်လေး ဖြစ်မြောက်အောင်မြင်ခဲ့ပုံများကို ခုလို စာရင်းဇယားနှင့် မှတ်တမ်းဓာတ်ပုံများ ပြုစုလိုက်ပါတယ်။ အားလုံး ဝမ်းမြောက်နုမော် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။ ဓာတ်ပုံ အားလုံးကို မအေးချမ်းဖြူရဲ့ ပိုစ့်မှာ ကြည့်နိုင်ပါတယ်။ အလှူရှင်စာရင်းများကတော့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် အလှူရှင်များထံမှကောက်ခံရရှိသော အလှူငွေစာရင်း
ဆည်းဆာရိပ်နှင့် ပတ်သက်သမျှ
အလှူခံပိုစ့် လူမှန်လျှင် တစ်နေ့ တော့ အိုရ နာရ သေရ မှာမလွဲ မသွေ ဖြစ် ပါသည် ။ မအို ပဲ နဲ့ လည်း သေချင် သေရ သည် ။ မနာ ပဲ နဲ့ လည်း သေချင် သေရ သည် ။ နောက် ဆုံးတော့
ခွင့်လွတ်ပါဘုရား (မောင်းထောင်ဆရာတော်)
<![CDATA[ ခုရေးမှာက အားလုံး ကြားဖူးပြီးသားပါ။ သမိုင်းနဲ့ ချီတာကိုး။ သမိုင်းကလည်း ဘုရင်တွေရဲ့ သမိုင်းဆိုတော့ ဒီဇာတ်လမ်းကို ထူးထူးထွေထွေ ပြောဖို့မလိုလောက်ပါဘူး။ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စကားပုံတောင် ကျန်ခဲ့သေးတာပဲ။ “မောင်းထောင်ကလည်း မောင်းထောင်၊ တောင်ငူကလည်း တောင်ငူ” ဆိုတဲ့ စကားပုံလေ။ ဒီစကားပုံကိုတော့ လူတွေကြားမှာ သုံးတာ သိပ်မကြားဖူးဘူး။ ဆရာတော်ကြီးတွေ စာချရင်းတော့ ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့
ခွင့်လွတ်ပါဘုရား (မင်းကွန်းဆရာတော်)
ကျွန်တော် ဒီအဖြစ်အပျက်ကို ရေးမယ်လုပ်ခါမှ မင်းကွန်းဆရာတော် နေခဲ့ကျောင်းနာမည်ကို မေ့နေလို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးရသေးတယ်။ နောက် မေ့နေတာက ဒီအဖြစ်အပျက်ကို စာအုပ်နှစ်အုပ်မှာ ဖတ်ဖူးလိုက်တယ်။ အဲဒီနှစ်အုပ်လုံးက “ရတု” စာအုပ်။ ရွှေရတု၊ ငွေရတုစာအုပ်။ မင်းကွန်းဆရာတော်ရဲ့ ရွှေရတု၊ ငွေရတုလား၊ မိုးမိတ်ရဲ့ ရွှေရတု ငွေရတုလား၊ သာသနာ့တက္ကသိုလ်ရဲ့ ရွှေရတု ငွေရတုလား။ ဘယ်ရတုမှန်း မမှတ်မိတော့တဲ့ စာအုပ်နှစ်အုပ်
ခွင့်လွတ်ပါဘုရား (မစိုးရိမ်ဆရာတော်)
အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက
ဆည်းဆာရိပ် ဂိလာနဘိုးဘွားစောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့
အဖွဲ့အမည် `ဆည်းဆာရိပ်´ ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်နေရာ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျှင်မြို့။ (၂) ၈၀၃/၈၀၅ မဟော်သဓလမ်း၊ ၁၂-ရပ်ကွက်၊ အရှေ့ဒဂုံ၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၇၃၀၁၈၀၀၇ လုပ်ငန်းအစီအစဉ် အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံ ဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှုအပေါ်တွင်
လုံးဝ မတောင်းပန်နိုင်ဘူး (၃)
ငါ တဲ့။ တစ်လုံးတည်း။ ငါ့လို တော်တတ် မြင့်မြတ်ပုဂ္ဂိုလ်က .. ငါ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့လို ပရဟိတအကျိုး ရွက်သယ်ပိုးနေသူက သူ့လိုပုဂ္ဂိုလ်မျိုးကို ဘာလို့ တောင်းပန်ရမလဲ။ မတောင်းပန်နိုင်ဘူး။ လုံးဝမတောင်းပန်နိုင်ဘူး။ အဲဒီလိုနဲ့ ပြီးရင်လည်း ပြီးသွားမယ့် ကိစ္စကို မတောင်းပန်နိုင်လောက်အောင် “ငါ” ဆိုတဲ့ တရားက လူတွေကို လှုပ်မရအောင် ချုပ်ကိုင်ထားတတ်တယ်။ တရားတွေကို သိတဲ့