“အသက်ကြီးတာတွေ၊ အသက်ငယ်တာတွေ၊ သီလရှိတာတွေ သီလမရှိတာတွေ နားမလည်ဘူး၊ မှားတဲ့လူက မှားကို မှားတယ်။ မှားတဲ့လူကများ သူခိုးလူပြန်ဟစ်လို့ ငါမှန်တယ်၊ ငါ့ကို ပြန်တောင်းပန်ရမယ်လေး ဘာလေးနဲ့။ သနားတယ်။ မတောင်းပန်နိုင်ဘူး၊ လုံးဝ မတောင်းပန်နိုင်ဘူး၊ အေး ဒီကိစ္စမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ မကြာခင် သိလာရတော့မှာပါ” ဒေဝိလ ရသေ့သည် အလွန်ခေါင်းမာသူ ဟုဆိုရပေမည်။ ကျစ်တစ်တစ် ဂွကျကျ
လုံးဝ မတောင်းပန်နိုင်ဘူး (၁)
တာင်းပန်ရမယ်၊ တောင်းပန်ရမယ် ဟုတ်လား၊ ဒီကိစ္စမှာ သူမှ မမှားတာ၊ မမှားတာကို တောင်းပန်ရမယ်ဆိုတဲ့ကိစ္စက ဟုတ်ကို မဟုတ်ဘူး။ မှားတဲ့သူကို မှန်တဲ့သူက တောင်းပန်ရမယ်တဲ့။ ကြားလို့မှ ကောင်းကြသေးရလား မသိဘူး။ ဘုရားကိုတော့ ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ ဒါပေမယ့် ဘုရားစကားကိုတော့ နားမထောင်နိုင်ဘူး။ ကောကာလိကသည် ဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ထွက်လာသည်။ သူ့ရင်ထဲတွင် ဒေါသအစိုင်အခဲတို့သည် လောကကြီးတစ်ခုလုံးကို မှောင်မိုက်
ဆ … ဆရာမ စာသင်ပြ
မနှစ်တုန်းဆီက ကျွန်တော် နယ်ဘက်တွေ လျှောက်သွားတော့ ဆီဆိုင်မြို့နယ်၊ ဖာလိုင်ရွာဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာနာမည်အမှန်က “ဖာလဲုင်” ပါ။ မြန်မာလိုရေးတော့ “ဖာလိုင်” ဖြစ်သွားတယ်။ အဓိပ္ပါယ်က “တောင်စောင်း” ရွာလို့ အဓိပ္ပါယ်ရပါတယ်။ ရွာနဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ တကယ့်တောင်စောင်းမှာ တည်ရှိပါတယ်။ အောက်ကို ကြည့်ရင် တောင်ခြေက မှောင်နေပါသေးတယ်။ အထက်ကိုလှမ်းကြည့်ရင်လည်း တမျှော်တခေါ်ကြီးကို ရှိပါသေးတယ်။ ရွာက
ဒီအကုသိုလ်စိတ်တို့ရယ်ကြောင့်
အကုသိုလ်စိတ် ၁၂ မျိုးရှိတာကို သိပြီးပြီလို့ ထင်ပါတယ်။ အဲဒီ ၁၂ မျိုးမှာ လောဘက (၈) မျိုး၊ ဒေါသက (၂) မျိုး၊ မောဟက (၂) မျိုးရှိတယ်။ လောဘ ရှစ်မျိုးကို သေချာမှတ်မိရဲ့လား မသိဘူး။ မှတ်မိတယ်ဆိုရင် အဲဒီ လောဘကို ဒီလိုလေး ခွဲလို့ ရတယ်။ ပုံစံ တစ်မျိုးနဲ့ အစုလိုက်
အကုသိုလ်စိတ် (၁၂) ပါး
ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တယ်။ အဲဒီအလုပ်က နှစ်မျိုး ကွဲလာတယ်။ ကောင်းမှုနှင့် မကောင်းမှု ဆိုပြီးတော့ပေါ့။ အဲဒီလို ကောင်းမှုနှင့် မကောင်းမှု ဖြစ်လာအောင် ဦးဆောင်နေတာကတော့ စိတ် ပါပဲ။ ဘယ်ကိစ္စ အလုပ်မှာ မဆို စိတ်ပါပါတယ်။ စိတ်မပါဘူး ဆိုတဲ့ အလုပ်လုံးဝ မရှိပါဘူး။ လုပ်ရင်း ကိုင်ရင်း ပျင်းနေရင် ပျင်းနေတဲ့စိတ် ညဉ်းငွေ့နေရင် ညဉ်းငွေ့နေတဲ့စိတ်
၅၂၈ နှင့် ၅၆၁ မေတ္တာ
ကျွန်တော် ဒီပိုစ့်ကို ဝေမျှပေးတဲ့ အနေနဲ့ တင်ပေးတာပါ။ ကျွန်တော်တို့အားလုံး သိထားကြတာမေတ္တာက အထူးသဖြင့် မိဘချစ် မောင်နှမချစ်လို့ သိထားကြတဲ့ မေတ္တာက ၅၂၈ မေတ္တာ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ အသင်းအဖွဲ့တစ်ခုက ဖော်ပြတဲ့ မေတ္တာက ၆၅၁ တဲ့။ ၃၃ ခုကြီးတောင် ပိုနေတယ်။ ဒီလို ဖြစ်နေရခြင်း အကြောင်းရင်းကို ရန်ကုန်မြို့ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်
လမ်းသရဲ ခေါင်းဆောင် တစ်ယောက်အကြောင်း
သူတို့ အဖွဲ့ကို ဒီခေတ် ဒီအခါနဲ့ ခေါ်ရမယ်ဆိုရင် လမ်းသူရဲတွေလို့ ခေါ်ရမှာပါ။ အုပ်စုဖွဲ့ပြီး အပျော်အပါး လိုက်စားကြတယ်။ အုပ်စုဖွဲ့ပြီး စကြနောက်ကြတယ်။ အုပ်စုဖွဲ့ပြီး သွားလာနေထိုင်ကြတယ်။ ဒီတော့ ခေတ်အခေါ်နဲ့ ခေါ်ရမယ်ဆိုရင် သူတို့ အဖွဲ့ဟာ တကယ့် လမ်းသူရဲတွေပါပဲ။ အဲဒီအဖွဲ့ကို ခေါင်းဆောင်တဲ့သူက “ဂဝေသီ” တဲ့။ လမ်းသူရဲခေါင်းဆောင် “ဂဝေသီ” ရဲ့ အကြောင်းက ဒီလိုဗျ။