ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တယ်။ အဲဒီအလုပ်က နှစ်မျိုး ကွဲလာတယ်။ ကောင်းမှုနှင့် မကောင်းမှု ဆိုပြီးတော့ပေါ့။ အဲဒီလို ကောင်းမှုနှင့် မကောင်းမှု ဖြစ်လာအောင် ဦးဆောင်နေတာကတော့ စိတ် ပါပဲ။ ဘယ်ကိစ္စ အလုပ်မှာ မဆို စိတ်ပါပါတယ်။ စိတ်မပါဘူး ဆိုတဲ့ အလုပ်လုံးဝ မရှိပါဘူး။ လုပ်ရင်း ကိုင်ရင်း ပျင်းနေရင် ပျင်းနေတဲ့စိတ် ညဉ်းငွေ့နေရင် ညဉ်းငွေ့နေတဲ့စိတ် မလုပ်ချင်ရင် မလုပ်ချင်တဲ့စိတ် ပါနေပါတယ်။ စိတ်မပါဘူးဆိုတာ မရှိ။
တကယ်တော့ လူတွေကသာ ဟိုဟာဆန်းကြယ် ဒီဟာထူးဆန်း လုပ်နေကြတယ်။ တကယ်တမ်း ထူးခြားဆန်းကြယ်တာက ကျွန်တော်တို့ရဲ့ စိတ်။ ဒီစိတ်ဦးဆောင်လို့ပဲ ကျွန်တော်တို့ ဗြဟ္မာဖြစ်ရ၊ နတ်ပြည်ရောက်ရ၊ လူပြန်ဖြစ်ရ၊ ငရဲမှာဖြစ်ရ၊ တိရစ္ဆာန်ဖြစ်ရတာ ဒီစိတ်ကြောင့်ပါပဲ။ နောက်ဘ၀နဲ့ နှိုင်းစာရတာ ဝေးပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေးသမား တစ်ယောက်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်၊ အောင်မြင်တဲ့ အင်္ဂျင်နီယာ တစ်ယောက်၊ အောင်မြင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့က ဒီစိတ်တွေကြောင့်ပါပဲ။ သူပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာ၊ သူပေါ့ ကျောင်းထွက်လိုက်တာ သူပေါ့ အရက်သမားဖြစ်နေတာ ဆိုတဲ့ လူတွေကို ကျွန်တော်တို့ ဘယ်လို ပြောလဲ။ စိတ်အလိုလိုက်လို့ ဖြစ်သွားတာ လို့ ကျွန်တော်တို့ မပြောကြဘူးလား။ ပြောကြတယ်နော်။ ဒါဆို အောင်မြင်သွားတဲ့ လူက စိတ်အလိုကို မလိုက်လို့ပေါ့။ ဟုတ်တယ်။ စိတ်ကို ထိန်းချုပ်နိုင်လို့ဖြစ်တာ။ စိတ်ကို ဘာကြောင့် ထိန်းချုပ်နေရလဲ ဆိုတော့ စိတ်က ပါပသ္မိံ ရမတိ မနော ဆိုတဲ့အတိုင်း မကောင်းမှု အပေါ်မှာပဲ နစ်မြောနေတတ်တယ်လေ။ မကောင်မှု ဆိုတာ အကုသိုလ်ပေါ့။ အကုသိုလ် …. ဘယ်လို အကုသိုလ်တွေလဲ။ အကုသိုလ်ဆိုတာ ဘာလဲ။
အကုသိုလ်ဆိုတာ ကဲ့ရဲ့အပ် ကဲ့ရဲ့ထိုက်တဲ့ ကိလေသာဆယ်ပါးနဲ့ အပြစ်တွေကြားမှာ ပျော်မွှေ့တတ်တဲ့ စိတ်ကို ခေါ်တာ။ သူ့လုပ်ငန်းကတော့ ဖျက်ဆီးရေးလုပ်ငန်း။ ရလာဒ်ကတော့ အကျိုးမဲ့စေတာ။ အဆုံးမှာ ကိုယ့်ကိုယ်သာလျှင် ဆင်းရဲ ပူပန်နေစေတာကို အကုသိုလ်လို့ ခေါ်တယ်။ ဘာကြောင့် အကုသိုလ်တွေဖြစ်လာရလဲ ဆိုတော့ ပညာနဲ့ မဆင်ခြင်တတ်လို့ လမ်းရိုးလမ်းမှန်ကို ဆန့်ကျင်လို့ ဖြစ်လာတာပါပဲ။
အကုသိုလ်ကို အသေးစိတ် ခွဲခြမ်းလိုက်ရင် သုံးမျိုးရှိတယ်။ သုံးမျိုးကတော့ လောဘ ၊ ဒေါသ နှင့် မောဟပါပဲ။ အဲဒီထဲက ပထမဆုံး လောဘက အရာအားလုံးကို သူပိုင်သင့်တာဆိုတဲ့ တစိုက်မတ်မတ် ယုံကြည်မှု ရှိတယ်။ လုပ်ငန်းကတော့ ပိုင်ဆိုင်သင့်တယ်လို့ ထင်တဲ့အရာပေါ် အာရုံကို နစ်ထားတာ။ ရလာဒ်ကတော့ သူပိုင်သင့်တယ် ထင်တဲ့အရာအပေါ် မြွေခဲသလို ခဲထားတာပဲ။ ဘာကြောင့် လောဘဖြစ်ရလဲဆိုတော့ သံယောဇဉ်မဖြတ်တတ်လို့ သံယောဇဉ် မပြတ်နိုင်လို့ပေါ့။ အဓိကကတော့ သံယောဇဉ်ကြောင့်ပေါ့။ လောဘစိတ် အမျိုးမျိုးရှိတယ်။ တိတိကျကျ ရေတွက်ပြရရင် (၈) မျိုး ရှိတယ်။
၁။ အကုသိုလ်မှန်း သိတယ်၊ အကုသိုလ်အလုပ်ကို လုပ်ချင်တယ်၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ ရှိတာက တစ်မျိုး
၂။ အကုသိုလ်မှန်း သိတယ်၊ အကုသိုလ်အလုပ်ကို လုပ်ချင်တယ်၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ မရှိတာက တစ်မျိုး
၃။ အကုသိုလ်မှန်း သိတယ်၊ အကုသိုလ်အလုပ်ကို မလုပ်ချင်ဘူး၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ ရှိတာက တစ်မျိုး
၎။ အကုသိုလ်မှန်း သိတယ်၊ အကုသိုလ်အလုပ်ကို မလုပ်ချင်ဘူး၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ မရှိတာက တစ်မျိုး
၅။ အကုသိုလ်မှန်း မသိဘူး၊ အကုသိုလ်အလုပ်ကို လုပ်ချင်တယ်၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ ရှိတာက တစ်မျိုး
၆။ အကုသိုလ်မှန်း မသိဘူး၊ အကုသိုလ်အလုပ်ကို လုပ်ချင်တယ်၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ မရှိတာက တစ်မျိုး
၇။ အကုသိုလ်မှန်း မသိဘူး၊ အကုသိုလ်အလုပ်ကို မလုပ်ချင်ဘူး၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ ရှိတာက တစ်မျိုး
၈။ အကုသိုလ်မှန်း မသိဘူး၊ အကုသိုလ်အလုပ်ကို မလုပ်ချင်ဘူး၊ လုပ်လိုက်ကွာဆိုတဲ့ တိုက်တွန်းမယ့်သူ မရှိတာက တစ်မျိုး ဆိုပြီး ရှစ်မျိုး ရှိပါတယ်။
ဒေါသဆိုတာက ရုန်းရင်း ကြမ်းထန်းတာကို ခေါ်တာပါ။ လုပ်ငန်းက ခန္ဓာကိုယ်ပေါ် မြွေဆိပ်ပျံ့သလို စိတ်ဆိုးမှုကို ပျံ့စေတာ။ ရလာဒ်ကတော့ နှလုံးကို နာကျင်လောင်မြိုက်စေတာရယ်၊ သူရော ကိုယ်ပါ ပျက်စီးစေတာရယ်ပါ။ ဘာကြောင့် ဒေါသ ဖြစ်ရသလဲဆိုတော့ ဒီကောင် ငါ့ကို စော်ကားတာ အစရှိတဲ့ အာဃာတတရား ကိုးပါးကြောင့် ဖြစ်ရတာပါ။ ဒီဒေါသက နှစ်မျိုးရှိတယ်။
၁။ ပျက်စီးစေတတ်မှု ဦးစီးတဲ့ အမုန်းအာဃာတနဲ့ လုပ်လိုက်ကွာလို့ တိုက်တွန်းမှုပါတဲ့စိတ်က တစ်မျိုး
၂။ ပျက်စီးစေတတ်မှု ဦးစီးတဲ့ အမုန်းအာဃာတနဲ့ လုပ်လိုက်ကွာလို့ တိုက်တွန်းမပါတဲ့စိတ်က တစ်မျိုးဆိုပြီး (၂) မျိုးရှိပါတယ်။
နောက်ဆုံး မောဟဆိုတာက ဓမ္မကို ဓမ္မအတိုင်း မြင်နိုင်စွမ်းမရှိ၊ အသိအလိမ္မာညာဏ်မရှိတာကို မောဟတဲ့။ သူ့လုပ်ငန်းကတော့ အမှန်ကို အမှန်အတိုင်း မမြင်ခိုင်းတာပါပဲ။ အသိညာဏ်ကို မဖွင့်ပေးတာပဲ။ ရလာဒ်ကတော့ မကောင်းတဲ့ အကျင့်တွေကို ဖြစ်ပေါ်စေတယ်။ အဓိကကတော့ ပညာမျက်စိမရှိတာ၊ အယောနိသော မနသိကာရကြောင့် ဖြစ်ရတာပါ။ မောဟလည်း နှစ်မျိုးရှိပါတယ်။
၁။ အမှား အမှန်ကို မခွဲခြားနိုင်တဲ့ ယုံမှားမှုနဲ့ ယှဉ်တွဲနေတာက တမျိုး
၂။ အမှား အမှန်ကို မခွဲခြားနိုင်တဲ့ ပျံ့လွင့်မှုနဲ့ ယှဉ်တွဲနေတာက တမျိုးပါ။
ဒါတွေ အားလုံးဟာ အကုသိုလ်ပါပဲ။ အကုသိုလ် စိတ် ၁၂ ပါးဆိုတာကလည်း ဒါတွေပါပဲ။ အလုပ်မဟုတ်သေးပါဘူး။ စိတ်ပါ။ သဘောတရားနဲ့ တကွ သိထားကြပြီ ဖြစ်တဲ့ ဒီစိတ်တွေကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဘ၀မှာ အောင်မြင်မှု ရမှာဖြစ်သလို နောက်ဘ၀တွေမှာလည်း ကောင်းကျိုးတွေ ဖြစ်ထွန်းစေမှာ သေချာပါတယ်။
ဘယ်လို ရေတွက်တွက် အကုသိုလ်စိတ်ဆိုတာက ဒီဆယ့်နှစ်ပါးထက် မပိုပါဘူး။ မလိုပါဘူး။ ကျွန်တော် ဒီ အကုသိုလ်စိတ် (၁၂) ပါးကိုတင်ပြချင်နေတာကြာပြီ။ အကြောင်းမညီညွတ်လို့ပါ။ နောက်စိတ်တွေ တင်ပြပေးဖို့လည်း စိတ်ကူးထားပါတယ်။ ကျမ်းတွေကို တော်တော်မွှေနှောက်ရလို့ နည်းနည်းကြာသွားတယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.com/ro/register-person?ref=V3MG69RO