အလှူခံပိုစ့်
လူမှန်လျှင် တစ်နေ့ တော့ အိုရ နာရ သေရ မှာမလွဲ မသွေ ဖြစ် ပါသည် ။ မအို ပဲ နဲ့ လည်း သေချင် သေရ သည် ။ မနာ ပဲ နဲ့ လည်း သေချင် သေရ သည် ။ နောက် ဆုံးတော့ သေကို သေ ရမည် မည် ။ သေပြီး သော် လည်း ဘ၀ပြတ် သွား သည်မဟုတ်။ သံသရာ လွတ် ကြောင်း တရား အား မထုတ် သရွေ့ ၊ အားထုတ်သော် လည်း နိဗ္ဗာန်မရသေး သရွေ့ ၃၁ ဘုံ တွင် ကျင် လည် ကြ ရ အုံး မည် သာ ။ ဒါန သီလ ဘာဝနာ ……………. ဘာ ၀နာ က အမြတ် ဆုံး ပါ ။ ဘာ ၀နာ မပွား နိုင် လျှင် သီလ ကို ဆောက် တည် ပါ ။ သီလ မဆောက် တည် နိုင် လျှင် ဒါန ပြု ပါ ။
ဒါန ဟူသည် လူမျိုး ဘာသာမရွေး ပြု လုပ် သော ကုသိုလ် တစ် မျိုး ဖြစ် ပါသည်။ ဗုဒ္ဓဘာသာ များ အတွက် ဒါန မျိုးစေ့ သည် ယခု ဘ၀ အတွက် ၊ နောင် ဘ၀ အတွက် အထောက် အပံ့ ကောင်း ဟု ဗုဒ္ဓ မြတ်ဘုရား ဟောကြား ထား ခဲ့ ပါ သည် ။ နဲနဲလေး ပဲ လှူ လှူ ၊ များများ ပဲ လှူ လှူ မိမိ စိတ် သဒ္ဓါ ပြတ် ဖို့ သာ လို ပါသည် ။
ငယ် ရွယ် တဲ့ အချိန် နာ၍ မသေ သော် အို ၍ သေရ မည့် အချိန် သို့ မလွဲ မသွေ ရောက် ရှိ မည် သာ။ အကြောင်း ကြောင်း ကြောင့် စား ၀တ်နေရေး အတွက် အသက် ရှင် ရပ်တည် ဖို့ ခဲ ယဉ်းသော မိ ဘ ဘိုး ဘွား များ အတွက် လူ အိုရုံ သည် အမှန် တကယ် လိုအပ် ချက် တစ်ခု ဖြစ် ပါသည် ။ ထို လိုအပ် ချက် ကို အကောင် အထည် ဖေါ် ပေးသော အဖွဲ့ အစည်း ကတော့
“ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများ စောင့် ရှောက် ရေး အဖွဲ့ ” ဖြစ် ပါသည် ။ ရည် ရွယ်ချက် ကောင်းမွန်သော ထို အဖွဲ့ အား ကျွန်မတို့ (Myanmar Friends Day ) Admin များ မှ လှူဒါန်း လိုသော ဆန္ဒ ရှိ ပါ သည် ။
Member များ အနေ နှင့် ပါ ၀င် လှူ ဒါန်း လို ပါ က …
၁ ။ ။ ကိုစိုးဝင်းအောင်
မန်းရွှေလီ ကုမ္ပဏီ
၁၈၀/၁၈၂ ၊ ၄လွှာ ၊ ဗိုလ်တထောင်ဘုရားလမ်းအလယ်၊
Feeling စားသောက်ဆိုင်အပေါ်ထပ်။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
TEL. ၀၁-၂၉၃၁၆၃၊ ၀၁-၃၉၇၂၂၉
တနင်္လာ မှ သောင်္ကြာနေ (မနက် ၁၀နာရီကနေ ညနေ ၅နာရီ ) ရုံးချိန်အတွင်း
စနေနေ့ နေ့တစ်ဝက်
အိမ်ဖုန်း နံပါတ် …………၀၁ ၆၁၀၉၂၄
၂။ ။ မောင်ဘကြိုင်
[email protected]
သို့ mail ပို့ ၍ လည်းကောင်း
၃။ ။ အေးချမ်ဖြူ
http://friendsdaygroup.ning.com/profile/ayechanphyu
သို့ mail ပို့ ၍ လည်းကောင်း
၎။ ။ အိရင်း
http://friendsdaygroup.ning.com/profile/32bui2hxvcquc
သို့ mail ပို့ ၍ လည်းကောင်း
လှူဒါန်း နိုင် ပါ သည် ။
စက်တင်ဘာလ ၅ ရက် နေ့ တွင် သွားရောက် လှူဒါန်း မည် ဟုရည်ရွယ် ထား ပါသည် ။
စက်တင်ဘာလ ၄ ရက်နေ့ နောက်ဆုံး ထား ၍ လှူဒါန်း ကြပါ ရန် ………….
ပထမဦးဆုံး အနေ နှင့်
၁ ။ ။ ပန်းသခင် (ထိုင်ဝမ် ) မှ ……………………………………………..၅၀, ၀၀၀ (ကျပ် ) ရရှိ ပါ သည် ။
***********************************************************************************************
ဆည်းဆာရိပ်အကြောင်း
`မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစ´ ဟူသော လူ့လောကသဘာဝတွင် အို၊ နာ၊ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်သည်။ ထိုရှောင်လွှဲ၍မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ၎င်းတို့၏ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြသော်လည်းကုသိုလ်ကံမကောင်းသည့် မိအို၊ ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင် အကြားဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေကြရရှာပါသည်။ အကျိုးပေးကံမကောင်းသည့် ဘိုးဘွားများအဖို့သား၊သမီး၊မြေးများနှင့်ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း ဘိုးဘွားများအပေါ်မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့်ကင်နာစွာစောင့်ရှောက်မည့်သူကင်းမဲ့နေသောဘိုးဘွားများအတွက် မိသားစုသဖွယ်နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာလေးတစ်ခု လိုအပ်လာပါသည်။ အကြာင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂီလာနဘိုးဘွားများအား ကြင်နာစွာဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားအထိ၎င်းတို့အပေါ်တွင်နားလည်စာနာစိတ်၊သည်းခံစိတ်ဖြင့်ပြုစုယုယပေးမည့်ဆည်းဆာရိပ်´ဂီလာနဘိုးဘွားများထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုအကောင်အထည်ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်အများပြည်သူစေတနာရှင်များ၏အကူအညီများလိုအပ်လျှက်ရှိပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့နှင့်အတူ ဘိုးဘွားများအား နွေးထွေးသော လက်များဖြင့်ဖေးမကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
အဖွဲ့အမည်
`ဆည်းဆာရိပ်´ ဂိလာနဘိုးဘွားများ
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ
(၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျှင်မြို့။
(၂) ၈၀၃/၈၀၅ မဟော်သဓလမ်း၊ ၁၂-ရပ်ကွက်၊ အရှေ့ဒဂုံ၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၇၃၀၁၈၀၀၇
လုပ်ငန်းအစီအစဉ်
အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံ ဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှုအပေါ်တွင်
အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။
လက်ခံမည့်ဘိုးဘွား
(၁) လူမျိုး၊ ဘာသာမရွေး၊ ကျွေးမွေးထောက်ပံ့မည့် သားသမီး၊ ဆွေမျိုးများမရှိသည့် ကျန်းမာရေး ချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ဘိုးဘွားများ။
အသက် ကန့်သတ်ချက်
အသက် (၇၀) နှင့် အထက် ဘိုးဘွားများ
ကန့်သတ်ချက်
လိုအပ်ပါက ကျန်းမာရေးနှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစား၍ အသက်ကန့်သတ်ချက်ကို အမှုဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည်။
ဂိလာန ဘိုးဘွားများ
(၁) ဂိလာန ဘိုးဘွားများ၏ လက်ရှိကျန်းမာရေး အခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦးချင်စီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွန်ကြားချက်အတိုင်း ကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာရှင်များမှ
စနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်။
(၂) ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ် အလှည့်ကျ သွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ
ဖြည့်ဆည်းပေးရန်။
(၃) ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစာစအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အ၀တ်အထည်နှင့်၊ နေရာထိုင်ခင်း စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ
ထားရှိစေခြင်း၊ ဘိုးဘွားများ၏ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို
၎င်းတို့၏ ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။
ဥပမာ။ တရားစာအုပ်ဖတ်ပြခြင်း
တရားခွေဖွင့်ပေးခြင်း
ရှူမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း
ဝန်ထမ်းရွေးချယ်
လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍ စိတ်ရှည်သည်းခံနိုင်သူများ။
ဆက်သွယ်လှူဒါန်းရန်
-ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ) ဖုန်း-၀၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁
-ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ) ဖုန်း -၃၈၈၁၃၂၊ ၀၉ ၅၀၄၃၉၅၉
-ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ) ဖုန်း -၀၉ ၉၀ ၄၂၄၈၈၊ ၂၉၀၉၆၄
-ဒေါ်စန်းစန်းဝင်း (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၅၉၉၈၂
ဒေါ်ရီရီမေ (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၅၅၀၆၀
ဒေါ်ငွေလှ – ဖုန်း ၀၉၅၁၇၇၃၂၀ ၊ ၂၉၃၂၈၈ (နံနက် ၁၀း၀၀မှ ၄း၀၀ အတွင်း)
ဒေါ်ခင်မေထွေး (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၈၈၂၀၃
ဒေါက်တာထားထား (စာရေးဆရာမ စုထား) ဖုန်း ၀၉ ၂၀၁၇၉၆၁
******************************
“ ဆည်းဆာရိပ်ဘိုးဘွား ရိပ်သာသို့ သွားရောက် လှူဒန်းမည့်ရက် ကြေညာ ”
“ဆည်းဆာရိပ်ဘိုးဘွား ရိပ်သာ”သို့ မူလ ကြေညာထားသည့် ရက်အတိုင်း ( ၅.၉.၂၀၁၀ ) ၊ ၂၀၁၀ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ မြန်မာ သက္ကရာဇ်၁၃၇၂ခု ဝါခေါင်လဆုတ် ၁၁ရက်တနင်္ဂနွေနေ့တွင်သွားရောက် လှူဒါန်းမည်ဖြစ်ပါသည် ။
စုရပ် …………. ဘိုဘိုမင်း ( Bo BoMin)အအေးဆိုင်(ဗေလီတံတားအဆင်းဒဂုံမြို့နယ်ဘယ်
အခြမ်း)
အမှတ် ၅၇ -A ၊ ဦးဝိစာရလမ်း ၊ စက်မှူ့ဇုံ
၃၄ – ရပ်ကွက် ၊ မြောက်ဒဂုံ ၊Tel – ၅၈၆၀၁၁ ၊ ၅၈၆၀၁၀ ၊ ၀၉ ၅၁ ၇၈၃၂၁ ၊ ၅၈၆၀၇၇
အချိန် …………နံနက် ၉း၃၀ အရောက်
အဲဒီတုန်းက ဘိုဘိုမင်းမှာ တွေ့ချိန်းခဲ့ကြပါတယ်။ ဘိုဘိုမင်းမှ တဆင့် ကားငှား ၍ သွား ရောက်မည် ဖြစ်ပါသည် ။
ကျမတို့ ပထမ အကြိမ်သွား ရောက်စဉ်က အဖိုး အဖွားများ အား နေ့လည်စာထမင်းစားချိန် ဖြစ်ပါတယ် ။ ဆည်းဆာရိပ် ရှိစောင့် ရှောက်သူများသည်အဖိုးအဖွား တစ်ယောက်ချင်းစီ ကို ကြင်နာ စွာ ပြောဆို ၍ ထမင်း ကျွေးကြပါတယ် ။
အဖွား တစ်ယောက်ကို အမျိုးသမီး တစ်ယောက် မှ တတွတ်တွတ် နှင့် စကားတွေပြောပေမယ့် အဖွား ကတော့ ခေါင်းကိုသာ ခါရမ်း ပြနေပါတယ် ။ ကျမ လည်း ထိုအဖွားနားကို သွာပြီးတိုးတိုးလေး
“အဖွား ထမင်း မစားဘူး လား”
“မစားချင်ဘူး ”
“အဖွားဘာစားချင်လဲ သစ်သီးတွေ ဘာတွေ စားချင်လား သမီးဝယ်ခဲ့ မယ်”
“မကျည်းသီးစားချင်တယ် ”
“မကျည်းသီး အမှည့်လား ”စိတ်ထဲ ယိုးဒယား မကျည်းချိုသီး အတောင့် လေးတွေ နောက် တစ်ခါ လာရင် ဝယ် ခဲ့မယ် စိတ်ကူး မိလိုက်တယ် ။ ထိုအခါ အဖွား မှ
“မဟုတ်ပါဘူး အထုတ်ကလေးတွေ နဲ့လေ ဆေးမကျည်း ”ထိုအခါ ကျမရီ (ရယ်)မိတယ် ။
“ဟုတ်ကဲ့ …သမီးတာဝန် ရှိတဲ့သူတွေ မေးပြီး ဝယ်ခဲ့မယ်နော် အဖွား” ဆိုတော့
“ဟွန့် သူတို့မေးရင် တသက်လုံးကျွေးမှာ မဟုတ်ဘူး ”တဲ့ (ပြုံးမိတယ်ပြောပုံလေးကို) .ကျမ လည်း အိလေး (အိရင်း) ကိုပြောပြတော့ အိလေး က အဖွား က ရောဂါများတယ် သွေးတိုးလည်း ရှိတယ် ဆေးမကျည်း က အရမ်းငံတယ်လေ အဲ့ဒါကြောင့် မကျွေးတာ ဖြစ်မယ် မေဖြူဆိုတော့ ကျမ တော်တော် သနား ပြီး စိတ်မကောင်း ဖြစ်မိတယ် ။ အသေးစိတ်ဂရုစိုက်သော ဆည်းဆာရိပ် ပရဟိတ လုပ်ငန်း ကိုလည်း ချီးကျူးမိပါတယ် ။
အိမ်ထောင်မကျသောကြောင့် လည်းကောင်း၊ အိမ်ထောင်ကျသော်လည်း သားသမီးမထွန်းကားသော
ကြောင့် လည်းကောင်း ၊သားသမီး ထွန်းကားသော်လည်း မိဘများထက်ဦးစွာ ကွယ်လွန်ခြင်း သို့မဟုတ် မိအို ဖအိုများ ကို ပြုစု နိုင်ရန် အခက်အခဲ ဖြစ်ခြင်း စသော့ အကြောင်းကြောင်း ကြောင့်ရောက်ရှိလာ ကြ သည် ။ မည်ကဲ့ သို့သော အကြောင်းကြောင့် ရောက်လာသည်ဖြစ်စေဘိုးဘွားရိပ်သာ သည် အဖိုး အဖွားများအတွက် နေဝင်ချိန် နောက်ဆုံး အားကိုးရာသာဖြစ်သည် ။
ထိုကဲ့သို့ သနားဖွယ်ရာ အဖိုး ၊ အဖွား များ ကို နွေးထွေး ကြင်နာစွာ ပြုစုပေးသော ဆည်းဆာရိပ်ဘိုးဘွား ရိပ်သာ စောင့်ရှောက်ရေး ဂေဟာ ကို အမြန်ဆုံးအောင်မြင် ပြီးမြောက်ရေး အတွက် လက်မနှေး ပဲ ပါဝင် လှူဒါန်း ကြပါ ရန် …………။
ဒီရက် ကို စောင့်နေရတာ ကြာပါ ပြီ ။ စောင့်နေရတာ တောင် ရင်တထိတ်ထိတ် နဲ့ပါ ။ သတ်မှတ် ထားသည့် ရက် မတိုင်ခင် ၂ ပတ် အလို ထိ အလှူငွေ က ၃ – သိန်း ကျော်သာ ရရှိပါသေး သည် ။ ဒါပေမယ့် တကယ့် လှူ မယ့်နေ့စာရင်းပိတ်တော့ ၆၂၀ ၀၀၀ ( ၆ သိန်း ၂ သောင်း ) ရရှိပါသည် ။ ကျမ ပျော် ရွှင်ပါတယ် ။ အားလုံး လည်း ပျော် ရွှင် ကြပါ တယ် ။ ချိန်းဆို ထား သော နေရာမှ လူစုံသော အခါ ကိုသီဟ ကား တစ်စီ ၊ နောက်ထပ် ကား ၂ စီး ငှား ၍ ဆည်းဆာ ရိပ် သို့ ချီတက် ခဲ့ပါတယ် ။ဟိုရောက်တော့ တာဝန် ရှိသူ များ စောင့်ကြိုနေ ပါတယ် ။
ကိုစိုးဝင်းအောင် နှင့် ကိုသီဟ မှ တစ်ချပ် လျှင် ၁၅,၀၀၀ တန် ကော်ဇော တစ်ချပ် စီ သီးသန့် လှူဒါန်း ပါသည် ။ အေးချမ်းဖြူမှ Asia အချိုရည် ၂ ကဒ် ၊ ကော်ဘရာမှ Max အချိုရည် ၂ ဗူး ၊Ovaltine ၂ ဗူး ၊ ပေါင်မုန့် ၂ လုံး ၊ Kao ဆပ်ပြာခဲ ၊ ဖုန်းလေး မှ လင်ဇီး လိမ်းဆေး ၁ ဒါဇင် သီးသန့် လှူဒါန်း ။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက်
အလှူရှင်များထံမှကောက်ခံရရှိသော အလှူငွေစာရင်း
စဉ်…………နေ့စွဲ…………………..အမည်……………..မြို့/နယ်…………….သင့်ငွေ
၁။………….၁၉-၆-၂၀၁၀…………ပန်းသခင်…………..ထိုင်ဝမ်……………..၅၀၀၀၀ိ
၂။………….၁၃-၇-၂၀၁၀…………အေးချမ်းဖြူ…………ရန်ကုန်……………..၃၀၀၀၀ိ
၃။………….၁၃-၇-၂၀၁၀………..စိုးဝင်းအောင်…………ရန်ကုန်……………..၂၀၀၀၀ိ
၎။………….၃၀-၇-၂၀၁၀…………KoKi……………….ရန်ကုန်………………၅၀၀၀ိ
၅။………….၃၁-၇-၂၀၁၀…………THIHA……………..ရန်ကုန်……………..၂၅၀၀၀ိ
၆။………….၃၁-၇-၂၀၁၀…………ယောယုဝ……………ရန်ကုန်………………၃၀၀၀ိ
၇။………….၃၁-၇-၂၀၁၀…………ယုဝမ်………………..ရန်ကုန်……………..၂၀၀၀ိ
၈။………….၈-၈-၂၀၁၀…………..shinnihnmoon……ရန်ကုန်…………….၁၀၀၀၀ိ
၉။………….၈-၈-၂၀၁၀…………..zawminoo………..ရန်ကုန်…………….၂၀၀၀၀ိ
၁၀။………..၈-၈-၂၀၁၀……………phyulay…………..ထိုင်ဝမ်…………….၁၀၀၀၀ိ
၁၁။………..၁၀-၈-၂၀၁၀………….အောင်အောင်(၈၄)…..ရန်ကုန်……………..၅၀၀၀ိ
၁၂။………..၁၀.၈.၂၀၁၀…………..ရှင်းသန့်……………..ရန်ကုန်……………၃၀၀၀၀ိ
၁၃။………..၁၂.၈.၂၀၁၀…………..တောကူးကူးလေး……..လားရှိုး……………၁၀၀၀၀ိ
၁၄။………..၁၂-၈-၂၀၁၀…………ဦးတိက္ခာစရိယ…………Australia……………..။
၁၅။………..၁၂-၈-၂၀၁၀…………ကိုအောင်လင်းကျော်……Australia……………..။
၁၆။………..၁၂-၈-၂၀၁၀…………ကိုဌေး…………………Australia……………..။
၁၇။………..၁၂-၈-၂၀၁၀…………ကိုမြတ်ရွှေ……………..Australia……………..။
၁၈။………..၁၂.၈-၂၀၁၀………….ကိုရဲဝင်း……………….Australia……..၁၁၀၀၀၀ိ
၁၉။………..၂၁.၈.၂၀၁၀………….phone……………….ရန်ကုန်…………..၁၀၀၀၀ိ
၂၀။…………၂၄.၈.၂၀၁၀…………ရွှေစင်ဦး……………….မန်းလေး………………..။
၂၁။…………၂၄.၈.၂၀၁၀…………လေးလေးခိုင်…………..မန်းလေး………….၃၀၀၀၀ိ
၂၂။…………၂၅.၈.၂၀၁၀…………hnin setlin………….ဂျပန်……………..၅၀၀၀၀ိ
၂၃။………….၂၇.၈.၂၀၁၀………..ဒေါ်ခမ်းရွှေမိသားစု……..သီပေါ…………….၅၀၀၀၀ိ
၂၄။………….၁.၉.၂၀၁၀………….ဘေဘိုးတူနှင့်မောင်နှမများ(ရန်ကုန်)…………၁၀၀၀၀ိ
၂၅။………….၁.၉.၂၀၁၀………….ဦးသက်ခိုင်………………ရန်ကုန်………….၁၀၀၀၀ိ
၂၆။………….၂-၉-၂၀၁၀………..လရောင်…………………ရန်ကုန်………….၁၀၀၀၀ိ
၂၇။…………..၂-၉-၂၀၁၀………..ဘကြိုင်…………………ရန်ကုန်………….၁၀၀၀၀ိ
၂၈။……(၂-၉-၂၀၁၀)(မြန်မာသူငယ်ချင်းများနေ့ဝေယျာဝစ္စအသင်း)(မန္တလေး)……..၃၀၀၀၀ိ
၂၉။………….၃-၉-၂၀၁၀……….ငြိမ်းငြိမ်းအေး…………….ရန်ကုန်…………….၂၀၀၀ိ
၃၀။………….၃-၉-၂၀၁၀……….လွင်မီညွန့်လှိုင်……………ရန်ကုန်…………….၂၀၀၀ိ
၃၁။………….၃-၉-၂၀၁၀……….ဆွေဆွေဝင်း………………ရန်ကုန်……………၁၀၀၀ိ
၃၂။………၄.၉.၂၀၁၀(မြန်မာသူငယ်ချင်းများနေ့ဝေယျာဝစ္စအသင်း)(မန္တလေး)……..၂၀၀၀၀ိ
၃၃။………….၅.၉.၂၀၁၀…….chocolatecupidလေး..ချောကလက်မြို့တော်….၁၀၀၀၀ိ
၃၄။………….၅.၉.၂၀၁၀………….ခင်မေခ……………ချောကလက်မြို့တော်….၁၀၀၀၀ိ
၃၅။………….၅.၉.၂၀၁၀………….လရောင်…………………ရန်ကုန်…………၁၀၀၀၀ိ
၃၆။………….၅.၉.၂၀၁၀………….အိရင်း……………………ရန်ကုန်…………၁၀၀၀၀ိ
၃၇။………….၅.၉.၂၀၁၀………….တေဇထွန်း………………ရန်ကုန်…………..၅၀၀၀ိ
၃၈။………….၅.၉.၂၀၁၀………….ကော်ဘရာ……………….ရန်ကုန်…………..၅၀၀၀ိ
၃၉။………….၅.၉.၂၀၁၀………….ပန်းသခင်…………………ထိုင်ဝမ်…………..၅၀၀၀ိ
စုစုပေါင်း(၅-၉-၂၀၁၀)၆၂၀,၀၀၀ိ(ခြောက်သိန်းနှစ်သောင်း)
အလှူ ငွေများ လှူဒါန်း ပြီးသော အခါ တာဝန်ရှိသူ အဘ မှ ကျေးဇူးတင် စကား ထပ် မံပြောကြား ၍ စကား စမြည် ပြောကြည့် ရာ တစ်ခါတစ်ရံVolunteer များလိုအပ်ကြောင်း ပြောပါ တယ် ။ ကျမ လည်း ဆက် သွယ်ရန် ဖုန်းနံပါတ် များ ပေး၍ တတ်နိုင် သလောက် လူ စုပြီး လာမည့် အကြောင်းပြောကြားခဲ့ ပါသည် ။ member များအနေဖြင့် အားလျှင် Volunteer အနေနှင့်လိုက်ပါစေချင် ပါသည် ။ ကျမ ချောကလက် မြို့တော် ကိုကျေးဇူးတင် စကားပြောချင်ပါတယ် ။ အားလုံး သိ ကြ ပြီးတဲ့အတိုင်း မြို့စားလေး သည် အရင် က ကျမ တို့ Myanmar Friends Day Adminဟောင်းတစ်ဦး ပါ ပဲ ။ လှူဒါန်း မည့် ရက် ရောက်တော့ Chocolate Myotaw မှ Adminတစ်ဦး ဖြစ်သူ Chocolate Cupid လေး နှင့် member တစ်ဦး ဖြစ်သူခင်မေခ တို့ ၂ဦးရောက် ရှိ လာပါတယ် ။ မြို့စား လေး မှ သွားရောက် ရန် request လုပ် ၍ ပါတဲ့ ။ ငွေများ ကိုလည်း လှူဒါန်း သွားပါ တယ် ။ အဲ့ဒီအတွက် Chocolate Myotaw ကို ကျေးဇူး အထူး တင်ကြောင်း ပြောကြားလို ပါတယ် ။နောင်ကို လည်း အခုလို ပဲလာရောက် ပူးပေါင်း ပေးပါလို့တောင်းဆို ပါ တယ် ။
ကျမ တို့ Myanmar Friends Day ရဲ့အောင် မြင်မှူ့ မှတ်တိုင် တစ်ခု စိုက် ထူ နိုင် ပြန်ပါပြီ။လိုအပ်သော နေရာ တွင် လှူဒါန်းရ ခြင်း ၊ ထူးခြားသည် မှာ တစ်ချို့ ကလေးများမတွေ့ဘူး ပဲ နှင့် ရောက်ရှိ လာ ကြပြီး တခဏ အတွင်း ခင်မင်ရင်းနှီးစွာ ပျော်ပျော် ရွှင် ရွှင် ဖြစ်သွား ကြတာ ပါ ပဲ ။ အရမ်းပျော် ဖို့ကောင်း ပါတယ် ။ သင် ပြုမူသော ဒါန ၊ သီလ ၊ ဘာဝနာ ၊ စိတ်စေတနာ ၊ သင့်ရဲ့ဖြူစင်မှူ့  ၊ သင် လုပ် ဆောင်ခဲ့ သော မွန်မြတ်ကောင်းမွန် မှူ့ များ ကိုတစ်ပါးသူ များ မှ နှူတ် နှင့်သော်လည်းကောင်း ၊ စာနှင့်သော် လည်းကောင်းဖျက်ဆီး လို့ မရ ပါဘူး ။ အချိန်တန် လျှင် ယိုယွင်း ပျက်စီး မည်ဖြစ်သောခန္ဓာကိုယ် ကို သာ ဖျက်ဆီး ၍ ရနိုင်ပါသည် ။ မိမိ ကောင်းမွန် စွာလုပ်ဆောင်ခဲ့ သော အရာ အားလုံးတို့ သည် သင် ၏ နောက် သို့ လင်းလက် တောက်ပ စွာ နှင့်လိုက်ပါနေ အုံးမည် ဖြစ်ပါသည် ။ သင်၏ နောက်သို့ ကောင်မွန် မှူ့လေး တွေ ခေါ်သွား မလာ၊ မကောင်းမှူ့လေးတွေ ခေါ် သွားမလား အရာအားလုံး က သင့်ရဲ့စိတ်ထားပေါ်မှာ ရှိနေပါတယ် ။
အေးချမ်းဖြူ ရဲ့ ပိုစ့်ကို ယူထားခြင်း ဖြစ်ပါတယ်။ တစ်ခါက Myanmar Friends Day ဆိုက်မှာ အက်ဒမင်လုပ်ပြီး အက်ဒမင်မှ အနားယူစဉ် ပိုစ့်များ အကုန် ဖျက်သွားသဖြင့် ဓာတ်ပုံများကို ပြန်ရှာလို့ မရသေးဘူး ဖြစ်နေပါတယ်။
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.com/da-DK/register-person?ref=V2H9AFPY
Your point of view caught my eye and was very interesting. Thanks. I have a question for you.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.