ကစားနည်းများ
မုန်လာဥဖြူ
ရည်ရွယ်ချက် – သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ရန်
လိုအပ်ချိန် – ၂၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး
လိုအပ်ပစ္စည်း – ဖလစ်ချပ်၊ မာကာပင်၊ စက္ကူတိတ်၊ မုန်လာဥဖြူ ငါးလုံးနှင့် မီးဖိုချောင်သုံး ဓားငါးချောင်း
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ အဖွဲ့ ငါးဖွဲ့ခွဲလိုက်ပါ။ တစ်ဖွဲ့စီကို ဖလစ်ချပ်၊ မာကာပင်၊ မုန်လာဥဖြူနှင့် မီးဖိုချောင်သုံးဓား တစ်ချောင်းစီပေးပါ။ ထို့နောက် မုန်လာဥဖြူအကြောင်း စုံစမ်းစေပါ။ မုန်လာဥဖြူ၏ အရောင် အရွယ် အရသာ အဆင့်ဆင့် ထပ်မံ ပြုပြင်လို့ ရသည့်ပုံစံ စသဖြင့် သုတေသန လုပ်စေပါ။ အချိန် ၁၀ မိနစ်ပေးပါ။ အားလုံးပြီးလျှင် အဖွဲ့လိုက် တင်ပြစေပါ။ အားလုံး တင်ပြပြီးသွားလျှင် မုန်လာဥကို ယခင်ပုံစံအတိုင်း ပြန်လိုချင်ကြောင်းပြောပါ။ တိတ် အနည်းငယ်ပေးပါ။ ၎င်းတို့ စိတ်ကြိုက်ပြန်လည်၍ မုန်လာဥကို ဆက်စပ်ပါစေ။ မုန်လာဥကို အရင်အတိုင်း ပြန်ရသော အဖွဲ့ကို ဆုပေးပါ။ Message = သဘာဝ ပတ်ဝန်းကျင်ကို မိမိလုပ်ချင်သလို လုပ်ပြီးနောက် နဂိုအတိုင်း ပြန်မရနိုင်တော့ပါ။
ဓာတ်လိုက်ခြင်း (သို့) ကူးစက်ရောဂါ
ရည်ရွယ်ချက် – တက်ကြွစေရန်
လိုအပ်ချိန် – ၁၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး
လိုအပ်ပစ္စည်း – ထိကိုင်၍ ရနိုင်သော ပစ္စည်းတစ်ခုခု
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ သင်တန်းသားများအားလုံးကို စက်ဝိုင်းပုံစံ ထိုင်စေပါ။ ပြီးလျှင် အလယ်တွင် ထိကိုင်၍ ရနိုင်သော ပစ္စည်းတစ်ခုခု (ဗူး၊ တိတ်ခွေ စသည်) ထားပါ။ ထိုပစ္စည်းကို ထိလျှင် ဓာတ်လိုက်နိုင်ကြောင်း (သို့) ကူးစက်ရောဂါရနိုင်ကြောင်းပြောပါ။ ပြီးလျှင် သင်တန်းမှူး (သို့) ကူညီသူ တစ်ဦးဦးမှ ထိုပစ္စည်းကို သွားထိလိုက်ပါ။ ထိုအခါ မိမိကြိုက်သည့် ပုံစံဖြင့် ပုံပျက်ပန်းပျက် ဓာတ်လိုက်သလို လုပ်ပါ။ ပြီးလျှင် မိမိထိချင်သောသူကို သွားရောက်ထိကိုင်ပါ။ မိမိ ထိလိုက်သောသူသည် ဓာတ်လိုက်သွားပြီး နဂိုဓာတ်လိုက်နေသူက ဓာတ်မလိုက်တော့။ ထိုအခါ ဓာတ်အလိုက်ခံရသူက ယခင်လူ လုပ်သည့်အတိုင်း အမူအယာတူလိုက်လုပ်၍ အလယ်က ပစ္စည်းကို သွားထိပါ။ ပြီးလျှင် ပုံစံပြောင်း၍ ဓာတ်လိုက်ပါ။ ထို့နောက် မိမိထိချင်သောသူကို သွားထိပါ။
အိမ်နီးနားချင်းကို ချစ်လား
ရည်ရွယ်ချက် – တက်ကြွစေရန်
လိုအပ်ချိန် – ၁၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး
လိုအပ်ပစ္စည်း – မရှိ
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ သင်တန်းသားများအားလုံးကို ဝိုင်းထိုင်စေပါ။ ပြီးလျှင် တစ်ဦးဦးမှစ၍ (၁, ၂, ၃, ၄) စသဖြင့် နံပါတ်စဉ်တပ်လိုက်ပါ။ ဝင်ရောက်ကစားမည့် သင်တန်းမှူးကိုယ်တိုင်လည်း မိမိကိုယ်ကို နံပါတ်စဉ် တပ်ပေးပါ။ ပြီးလျှင် သင်တန်းသားတစ်ဦးဦးကို သွားရောက်၍ ဤကဲ့သို့ မေးမြန်းပါ။ “အိမ်နီးချင်းနံပါတ်တွေကို ချစ်လား” အမေးခံရသူက “မချစ်ဘူး” ဟုဖြေပါ။ မေးမြန်းသူက ပြန်၍ “ဒါဆို ဘယ်နံပါတ်တွေကို ချစ်လဲ” ဟုဆက်မေးပါ။ ထိုအခါ ဖြေသူက မိမိအိမ် နီးချင်းနံပါတ် မဟုတ်သော အခြား နံပါတ် ဖြစ်သည့် နံပါတ်များကို ဖြေပါ။ ဥပမာ “၁၂ နှင့် ၁၈” ဆိုလျှင် ဘေးနှစ်ယောက်က ထ၍ ၁၂ နှင့် ၁၈ နေရာသွားယူပါ။ ၁၂ နှင့် ၁၈ ကလည်း ထိုထပြေးလာသော နေရာတွင် ဝင်ရောက်ရယူပါ။ မေးမြန်းသူက လည်း ထိုလေးနေရာတွင် တနေရာရာကို ဝင်နေပါ။ အမေးခံရသူကတော့ ထပြေးရန် မလိုပါ။
မေးခွန်းနဲ့ အဖြေ
ရည်ရွယ်ချက် – တက်ကြွစေရန်
လိုအပ်ချိန် – ၁၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်)
လိုအပ်ပစ္စည်း – စာရွက်၊ ဘောလ်ပင်
လုပ်ဆောင်နည်း အဆင့်ဆင့်။ ။ သင်တန်းသားများကို အညီအမျ မျက်နှာချင်းဆိုင် အတန်းလိုက် ထိုင်စေပါ။ မိမိလူကို မိမိကြည့်ပြီးနောက် အားလုံး ကျောခိုင်း ထိုင်စေပါ။ ထို့နောက် တစ်ဖက်မှ ထိုင်နေသူများအားလုံးကို မိမိစိတ်ထဲတွင် ရှိသည့် မေးခွန်းတစ်ခုကို စာရွက်တွင် ချရေးစေ ပါ။ မေးခွန်းများရေးပြီးလျှင် တစ်ဖက်မှ ထိုင်နေသူများအားလုံးကို မိမိစိတ်ထဲတွင့် ရှိသည့် အဖြေကို စာရွက်တွင် ချရေးစေပါ။ အားလုံးပြီးလျှင် တစ်တွဲစီ မေးခွန်းအရင်ဖတ်စေ၍ အဖြေကို ဖတ်ပြစေပါ။ (self awareness တွင် သုံးနိုင်သည်။ အားလုံး၏ အတွေးအခေါ်များသည် မည်သူနဲ့မျှ မတူညီကြပါ။)
အနီးကြည့် အဝေးကြည့်
ရည်ရွယ်ချက် – တစ်ဦးကို တစ်ဦးနားလည်စေရန်
လိုအပ်ချိန် – ၁၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်)
လိုအပ်ပစ္စည်း – စာရွက်များ၊ ဘောလ်ပင်များ
လုပ်ဆောင်နည်း အဆင့်ဆင့်။ ။ သင်တန်းသားများအားလုံးကို မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ် စေပါ။ ပြီးလျှင် တစ်ဦးနဲ့ တစ်ဦး အကဲခတ်စေပါ။ ထို့နောက် မိမိရရှိထားသော စာရွက်တွင် တစ်ဖက်သူကို ခန့်မှန်းသည့် အချက်အလက်များ (၁၀) ခုခန့် ချရေးစေပါ။ မခန့်မှန်းတတ်လျှင် သင်တန်းညှိနှိုင်းရေးမှူးမှ လမ်းညွှန်ပေးပါ။ “တစ်ဖက်သား သည် မောင်နှမ ဘယ်နှစ်ယောက်ရှိသည်၊ တစ်ဖက်သားသည် ပညာအရည်အချင်း ဘယ်လောက်ရှိသည်၊ တစ်ဖက်သား သည် မည်သည့်နယ်ဘက်က လာသည်” စသဖြင့် အသင်းအဖွဲ့တွင် လိုအပ်နိုင်သည့် အချက်များကို ထည့်ပါ။ ခန့်မှန်း၍ ပြီးသွားလျှင် မိမိခန့်မှန်းထားသည့် အချက်နှင့် တစ်ဖက်သားတို့၏ တကယ်ဖြစ်နေသည့်အရာတို့သည် မှန် မမှန် တိုက်စစ် စေပါ။ “မှန်သည်များသလား၊ မှားသည် များသလား” မေးပါ။ (လုံးဝ မသိသေးသော သူများရှိသည့် အနေအထားတွင်သာ ဤဂိမ်းကို ကစားသင့်သည်။)
ဒုတိယဆင့်။ ။ ၎င်းတို့ ရရှိထားသော စာရွက်အသီးသီးကို လေးခေါက် ခေါက်စေပါ။ ပြီးလျှင် အစွန်းဘက်မှ အပေါက် လေးတစ်ပေါက်ဖြစ်ရန် ဖဲ့စေလိုက်ပါ။ ထို့နောက် ယခင်ကလို ခပ်လှမ်းလှမ်းတွင် နေစေပြီးလျှက် လက်တစ်လှမ်းအကွာမှ အပေါက်လေးကနေ တစ်ဖက်သားကို လှမ်းကြည့်စေပါ။ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် မျက်နှာမျှသာ မြင်ရမည်။ ထို့နောက် အပေါက်ကို မျက်လုံးနားကပ်၍ ကြည့်စေပါ။ ထိုအခါ တစ်ကိုယ်လုံး မြင်ရမည်။ (Message = တစ်ဖက်သားကို အဝေးမှ ကြည့်နေရုံနဲ့ ကောင်းကောင်း မသိနိုင်၊ အနီးကပ်ကြည့်မှ ကောင်းကောင်း သိရသည်။ အကဲခတ်ပါ၊ အကဲမဖြတ်ပါနဲ့)
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.