လွယ်တာမို့လို့ လွယ်တယ်လို့ပြောရတာပါ။ လွယ်တာတောင်မှ လွယ်ပါတယ်လို့ဖြစ်ပါတယ်။ လွယ်တယ်လို့ တိုတိုဖြေရင် လွယ်ပေမယ့် သိပ်မလွယ်သလိုဖြစ်နေလို့ လွယ်ပါတယ်လို့ “ပါ” ထည့်ပြီး လွယ်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရှေးလူကြီးရော ယခုလူကြီးများပါ ပြောကြတာရှိပါတယ်။ စာဖတ်ပါ စာဖတ်ပါတဲ့။ ဖတ်ရမယ့်စာတွေ သူများအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ ရှားပါတယ်။ ဖတ်လိုက်တဲ့ စာအုပ်တိုင်းကလည်း ကိုယ့်ကို လာအမိန့်ပေးနေတဲ့ စာတွေများတယ်။ ဒီတော့ စာသိပ်မဖတ်ချင်ဘူးဗျာ။