ငယ်ငယ်တုန်းက ကျောင်းမှာ ဘုရားပန်းလာကပ်တဲ့ ရွာက သတ်မှတ်လို့ အပျိုကြီးဖြစ်နေတဲ့ အသက် ၂၀ ကျော်ကျော် မိန်းကလေးတွေကို မေးခွန်းတစ်ခုမေးဖူးတယ်။ “ဘာဆုတောင်းကြတာလဲ” “ဘဝဆက်တိုင်း ယောက်ျားဘဝဖြစ်ရပါလို၏ လို့ဆိုတောင်းတာပေါ့ ကိုရင်ရယ်” လို့ဖြေကြတယ်။ ဘာဖြစ်လို့ အဲလိုဖြေတာလဲမသိဘူး။ မိန်းကလေးဖြစ်ရင် ဖြစ်သည့်အလျောက် အခွင့်အရေးတွေ ဒီလောက်ရနေတာ။ စစ်ကားတွေကြည့်၊ မိန်းမနဲ့ ကလေးတွေ အရယ်ကယ်ပါလို့ စပြောခံရတာ။ ကားစီးတာကြည့်။ မိန်းမတွေကို