သိပ်မကြာသေးတဲ့ ရက်ဖြစ်တဲ့ ဒီ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စုဘက် အလည်ရောက်ခဲ့တယ်။ ညောင်ရွှေမြို့နယ်ဆိုတာ အင်းလေး လောက်ပဲ ရှိတယ်လို့ထင်ခဲ့တယ်။ အနောက်ဘက်တောင်ကြောရယ် အရှေ့ဘက်တောင်ကြောရယ် အဲဒီတောင်ကြားတွေထဲကရယ် ဆိုရင် တော်တော့ကို ကျယ်တဲ့ မြို့နယ်လို့ ဆိုရမှာပဲ။ အစက ဖောင်တော်ဦးဘုရားရှိတဲ့အပိုင်းရယ် ဖောင်တော်ဦးဘုရားတောင်ဘက် စံကားအင်းလို့ ခေါ်တဲ့ ဖယ်ခုံမြို့နယ်မပါတဲ့