ရှုပ်ထွေးမှုများနှင့် ပွက်လောက်ညံနေသော ဝေသာလီမြို့၏ ကွန်ယက်မှ လွတ်တော်မူသော မြတ်ဗုဒ္ဓနှင့် ညီတော် အာနန္ဒာသည် တိမ်တိုက်မြူခိုးမှ လွတ်ထွက်လာသော လမင်းကြီးနှင့်တူပေ၏။ မြတ်စွာဘုရားသည် မြို့၏ မြောက်ဘက်တံခါးမှ ထွက်တော်မူလာပြီးနောက် အဝေးပြေးလမ်းမကြီးကို စွန့်ခွာခဲ့၍ စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးဘက်ကို ခြေဦးလှည့်တော်မူသည်။ ဘုရားရှင်စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးပေါ်သို့ ခြေတော်ချလိုက်သည်နှင့် ယင်းမာ ကံ့ကော် စွယ်တော် သရဖီစသော တောတွင်းရှိပန်းများသည် အသက်ရှိသည့်နှယ် တစ်ပင်လုံးတစ်ခိုင်လုံး