ဝေသာလီဟု ပြောလိုက်လျှင် မသိသူမရှိ။ လူကြီးလူငယ် အားလုံးသိကြပါသည်။ ထိုသို့ သိကြခြင်းမှာလည်း ဝေသာလီ၏ လိစ္ဆ၀ီမင်းတို့၏ ထီးနန်းစိုက်ရာမြို့တော်ဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု ကြွယ်ဝချမ်းသာမှုနှင့် အေးချမ်းသာယာမှုတို့ကြောင့်လည်းဖြစ်ပါသည်။ ၀ဇ္ဇီတိုင်းအတွင်း၌ ဝေသာလီမြို့အပြင် ဓမ္မကောရဏ္ဍမြို့၊ အဋ္ဌကမြို့၊ ဘောဂမြို့၊ ဥက္ကာစေလမြို့စသော မြို့ကြီးများလည်း ရှိပါသေးသည်။ မြတ်ဗုဒ္ဓ သီတင်းသုံးနေတော်မူခဲ့ပြီး တရားဒေသနာတော်များ ဟောခဲ့ဖူးသော ဘဏ္ဍရွာ၊ ကောဋိရွာ၊ ဟတ္ထိရွာ၊ နာတိကရွာနှင့် ဝေဠုဝရွာစသော