ကိုယ့်အယူမှားနေတာကို မှားမှန်းမသိတဲ့ ပူရဏကဿပရဲ့ ကိုယ့်အယူဝါဒအပေါ် အစွဲအလန်းကြီးစွာ ဖက်တွယ်မှု တဏှာ မာန ဒိဋ္ဌိတွေကြောင့် ဘုရားနဲ့ တန်ခိုးပြိုင်ဖို့ ကြိုးစားရာက အသေဆိုးနဲ့ သေသွားခဲ့ပြီးနောက်မှာ ဘုရားရှင် တန်ခိုးပြဖို့ နေရာအတွက် ခေါင်းခဲရသူက သိကြားမင်း။ လာတဲ့ ပရိသတ်ရယ် ဘုရားတပည့်တွေရယ်အတွက် မဏ္ဍပ်အကျယ်ကြီး ပြုလုပ်ပေးဖို့က သူ့တာဝန်ဖြစ်လာပြီလေ။ ဒီတော့ ၀ိသကြုံကို ခေါ်ရတယ်။ ၀ိသကြုံက (၇၂)