ဘုရားရှင်က မကုဠတောင်မှာ ဆဋ္ဌမြောက်ဝါကို ဆိုတော်မူပြီးနောက် ၀ါကျွတ်သဖြင့် ပုရိမ၀ါမှ ထပြီး ထုံးစံအတိုင်း ဒေသစာရီကြွချီခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီကြွပုံက တုရိတာစာရိကနှင့် အတုရိကာစာရိက ဆိုပြီး နှစ်မျိုးရှိတယ်။ တုရိတစာရိက (ရုတ်တရက် ဒေသစာရီကြွချီတော်မူခြင်း) ဆိုတာက အာဠ၀ကဘီလူးကြီးလို ခြွေချွတ်တော်မူဖို့တို့ အင်္ဂုလိမာလလို ခြွေချွတ်တော်မူတို့ဖို့လို့တဲ့ အတွက်ဖြစ်ပါတယ်။ အတုရိတစာရိကာကျတော့ ၀ါကျွတ်ပြီးနောက် ၀ါဆိုတဲ့ကျောင်းမှာ ပါရမီရင့်တဲ့ပုဂ္ဂိုလ်ရှိသေးရင် သူတို့မဂ်ဖိုလ်ရဖို့ငဲ့ပြီး ဆက်လက်သီတင်းသုံးတယ်။