ကြို့ပင်ကြီးတစ်ပင်အောက်မှာ ၀က်ဝံတစ်ကောင် အိပ်နေတယ်။ အဲဒီအချိန် လေက နည်းနည်းပြင်းသွားတယ်။ ကြို့ပင်က သစ်ကိုင်းခြောက်တစ်ကိုင်းဟာ မမျှော်လင့်ဘဲ ကျိုးပြီးတော့ ၀က်ဝံကိုယ်ပေါ် ကျသွားတယ်။ ၀က်ဝံက ဟိုဟိုဒီဒီ ထကြည့်တယ်။ ဘာမှ မတွေ့ရဘူး။ “တောက် ! ကြို့ပင်မှာ အိမ်လုပ်နေတဲ့ နတ်စုတ်၊ သူ့အပင်အောက်မှာ ငါအိပ်နေတာကို မနာလိုဘူးပေါ့လေ၊ သိကြရောပေါ့ကွာ” ဆိုပြီး ၀က်ဝံက အဲဒီနားတစ်ဝိုက်မှာပဲ နေနေတယ်။