သောတာပန် ဆိုလို့ ဟာသလေးတစ်ခုသွားသတိရမိတယ်။ဓမ္မကထိကတစ်ပါးက သူဟောစဉ်တရားတစ်ပုဒ်မှာ ထည့်ဟောသွားတာပါ။ ဟောစဉ်တရားဆိုလို့ သတိထားစရာလေးတစ်ခုပြောချင်ပါသေးတယ်။ ဓမ္မကထိကတွေဟာ ပုထုဇဉ်တွေဖြစ်ပါတယ်။ ကျမ်းကြီးရခိုင်နဲ့ အသေအချာ ကြည့်ပြီးဟောပေမယ့် ဟောရင်းလိုတိုး ပိုလျော့ ပြောမိတတ်တယ်။ နောက် နှုတ်ကျွံသွားတတ်တယ်။ ဘာသာရေး စာပေကို ရေးသားသူများအနေနဲ့ ဟောစဉ်တရားကို ကိုးကားတော့မယ်ဆိုရင် သူညွှန်းခဲ့တဲ့ ကျမ်းကို ရှာဖွေသင့်ပါတယ်။ ကျမ်းညွန်းမပါခဲ့ရင် တတ်ကျွမ်းသူများကို မေးမြန်းသင့်ပါတယ်။ ဒီလိုပြောရတာက အွန်လိုင်းပေါ်ရှိ