ကျွန်တော် ဒီအဖြစ်အပျက်ကို ရေးမယ်လုပ်ခါမှ မင်းကွန်းဆရာတော် နေခဲ့ကျောင်းနာမည်ကို မေ့နေလို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးရသေးတယ်။ နောက် မေ့နေတာက ဒီအဖြစ်အပျက်ကို စာအုပ်နှစ်အုပ်မှာ ဖတ်ဖူးလိုက်တယ်။ အဲဒီနှစ်အုပ်လုံးက “ရတု” စာအုပ်။ ရွှေရတု၊ ငွေရတုစာအုပ်။ မင်းကွန်းဆရာတော်ရဲ့ ရွှေရတု၊ ငွေရတုလား၊ မိုးမိတ်ရဲ့ ရွှေရတု ငွေရတုလား၊ သာသနာ့တက္ကသိုလ်ရဲ့ ရွှေရတု ငွေရတုလား။ ဘယ်ရတုမှန်း မမှတ်မိတော့တဲ့ စာအုပ်နှစ်အုပ်
လုံးဝ မတောင်းပန်နိုင်ဘူး (၃)
ငါ တဲ့။ တစ်လုံးတည်း။ ငါ့လို တော်တတ် မြင့်မြတ်ပုဂ္ဂိုလ်က .. ငါ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့လို ပရဟိတအကျိုး ရွက်သယ်ပိုးနေသူက သူ့လိုပုဂ္ဂိုလ်မျိုးကို ဘာလို့ တောင်းပန်ရမလဲ။ မတောင်းပန်နိုင်ဘူး။ လုံးဝမတောင်းပန်နိုင်ဘူး။ အဲဒီလိုနဲ့ ပြီးရင်လည်း ပြီးသွားမယ့် ကိစ္စကို မတောင်းပန်နိုင်လောက်အောင် “ငါ” ဆိုတဲ့ တရားက လူတွေကို လှုပ်မရအောင် ချုပ်ကိုင်ထားတတ်တယ်။ တရားတွေကို သိတဲ့
လုံးဝ မတောင်းပန်နိုင်ဘူး (၂)
“အသက်ကြီးတာတွေ၊ အသက်ငယ်တာတွေ၊ သီလရှိတာတွေ သီလမရှိတာတွေ နားမလည်ဘူး၊ မှားတဲ့လူက မှားကို မှားတယ်။ မှားတဲ့လူကများ သူခိုးလူပြန်ဟစ်လို့ ငါမှန်တယ်၊ ငါ့ကို ပြန်တောင်းပန်ရမယ်လေး ဘာလေးနဲ့။ သနားတယ်။ မတောင်းပန်နိုင်ဘူး၊ လုံးဝ မတောင်းပန်နိုင်ဘူး၊ အေး ဒီကိစ္စမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ မကြာခင် သိလာရတော့မှာပါ” ဒေဝိလ ရသေ့သည် အလွန်ခေါင်းမာသူ ဟုဆိုရပေမည်။ ကျစ်တစ်တစ် ဂွကျကျ
လုံးဝ မတောင်းပန်နိုင်ဘူး (၁)
တာင်းပန်ရမယ်၊ တောင်းပန်ရမယ် ဟုတ်လား၊ ဒီကိစ္စမှာ သူမှ မမှားတာ၊ မမှားတာကို တောင်းပန်ရမယ်ဆိုတဲ့ကိစ္စက ဟုတ်ကို မဟုတ်ဘူး။ မှားတဲ့သူကို မှန်တဲ့သူက တောင်းပန်ရမယ်တဲ့။ ကြားလို့မှ ကောင်းကြသေးရလား မသိဘူး။ ဘုရားကိုတော့ ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ ဒါပေမယ့် ဘုရားစကားကိုတော့ နားမထောင်နိုင်ဘူး။ ကောကာလိကသည် ဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ထွက်လာသည်။ သူ့ရင်ထဲတွင် ဒေါသအစိုင်အခဲတို့သည် လောကကြီးတစ်ခုလုံးကို မှောင်မိုက်