ပုံကိုကြည့်ပါ။ အဲဒီ ကော်ဖီသီးက မှည့်နေပြီ။ ဒါပေမယ့် …။ “ဒါပေမယ့်” ဆိုတာကို ကျွန်တော်က ဒါပေတဲ့လို့ ရေးချင်တာ။ ဒါပေမယ့် မရေးရဲဘူး။ မရေးရဲတာက သူများကြောင့် မဟုတ်ဘူး။ ကိုယ့်ကြောင့်။ ဒါပေတဲ့ လို့သုံးတဲ့ စာရေးသူကြီးတွေက နည်းတယ်။ ကျွန်တော်က စိုးရိမ်တကြီး ဒီကောင် ဒီလူ့စာတွေ လွှမ်းမိုးခံရပါသော်ကော ဆိုတာမျိုး ပြောကြမှာ ကြောက်တာ။ ကြောက်စိတ်ဆိုတာ
တောင်ကုန်းပေါ်ကစံအိမ်
တောင်ကုန်းဟု ပြောလိုက်တော့ စိတ်က စနိုးစနောင့်ဖြစ်သွားသည်။ တောင်ထိပ်ဟု ပြောရမည်လား တချက်တွေးသေးသည်။ ပိုဆိုးကုန်မလားဆိုသည့် ကြောင့်ကြစိတ်က ဝင်လာပြန်သည်။ အကြောင်းမှာ ဗမာစကားကို ပြောသည့်အခါ၌ လိင်ကိစ္စနှင့် ဆက်နွယ်နေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ ပြောကြသည့် ယဉ်ကျေးမှုတခု ထွန်းကားနေသောကြောင့် ဖြစ်သည်။ လိင်ကိစ္စနှင့် အတော်ကလေး နီးစပ်လျင် မည်သူမဆို ထိုအသုံးအနှုန်းကို မိန့်ခွန်း၊ အစည်းအဝေး၊ သင်ကြားခြင်း၊ စကားဝိုင်းတွင်