ငါးပါးသီလထဲက ဒုတိယတစ်ပါးဖြစ်တဲ့ အဒိန္နာဒါနာ၊ ကံသုံးပါးအထဲက ဒုတိယကံဖြစ်တဲ့ အဒိန္နာဒါနာအကြောင်းကို ဆက်ပြောပါရစေ။ ပိုင်ရှင်က ယူခွင့်မပြုတဲ့၊ မပြုဖူးခဲ့တဲ့၊ ပိုင်ရှင်က သူဥစ္စာ သူပိုင်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းကို တစ်နည်းနည်းနဲ့ ရအောင်ယူခြင်းကို ခိုးခြင်းလို့ခေါ်ပါတယ်။ အဒိန္န – မပေးသော (ပစ္စည်းဥစ္စာစသည် ပိုင်ရှင်ရှိသော တစ်ခုခုကို) အာဒါန – ယူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ခါတည်း မှာလိုက်ပါရစေ။