မဏ္ဍိုင်တခုအယိုင်တွင် အုတ်မြစ်တခုအခိုင်ဖြစ်စေခဲ့သည့် တော်လှန်ရေး လေပြေဟုဆိုငြား လေတိုက်ခတ်မှုနှုန်းက ပြတင်းတံခါးအနီး ချထားသော စာအုပ်များရှိပါက တဖျတ်ဖျတ် လှန်စေနိုင်သည့် အနေအထားတွင် ရှိသည်။ လမ်းမပေါ်တွင် သစ်ရွက်ခြောက်များ ဖုန်မှုန့်များ ပလပ်စတစ်များ မုန့်ထုပ်တွင်ပါသော တံဆိပ်များ စက္ကူစလေးများက လေပြေ၏ အလိုမတူဘဲ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းမှု ဒဏ်ကို ခေါင်းငုံ့ခံနေကြရရှာလေတော့၏။ လေပြေက မည်သည့်အရာကိုမှ သတိပြုမိခြင်းမရှိဘဲ သူသွားရမည့် လမ်းကြောင်းအတိုင်းသာ တွေ့ကရာအားလုံးကို