တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် နေထွက်ရာအရပ်သို့ မျက်နှာမူပါ ကျွန်ုပ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၏ နယ်စွန်နယ်ဖျားတွင်ရှိသော တောကျောင်းတကျောင်းတွင် နေထိုင်သူဖြစ်သည်။ ငယ်စဉ်ကတည်းက တောရွာတရွာတွင် မွေးဖွားခဲ့သည်။ ထိုတောရွာသည်လည်း တောင်ကြီးမြို့နယ်၏ အစွန်အဖျားတနေရာတွင် ရှိသည်။ ကျွန်ုပ်၏ ဘဝတဏှာသည် ဤရှမ်းပြည်နယ်၏ တောင်ကြီးမြို့နယ်တဝိုက်တွင်သာ စွဲမက်လျက်ရှိသည်။ အနမတဂ္ဂသံသရာတခုလုံး ဤဒေသ ဤဝန်းကျင်တွင်သာ သီလဗ္ဗတုပါဒါန်ဖြင့် ဝဲနွံနစ်နေခဲ့ဟန်ရှိ၏။ ဤသို့ဆိုရခြင်းမှာ ရှေးလူကြီးသူမများက
ကော်ဖီ
ပုံကိုကြည့်ပါ။ အဲဒီ ကော်ဖီသီးက မှည့်နေပြီ။ ဒါပေမယ့် …။ “ဒါပေမယ့်” ဆိုတာကို ကျွန်တော်က ဒါပေတဲ့လို့ ရေးချင်တာ။ ဒါပေမယ့် မရေးရဲဘူး။ မရေးရဲတာက သူများကြောင့် မဟုတ်ဘူး။ ကိုယ့်ကြောင့်။ ဒါပေတဲ့ လို့သုံးတဲ့ စာရေးသူကြီးတွေက နည်းတယ်။ ကျွန်တော်က စိုးရိမ်တကြီး ဒီကောင် ဒီလူ့စာတွေ လွှမ်းမိုးခံရပါသော်ကော ဆိုတာမျိုး ပြောကြမှာ ကြောက်တာ။ ကြောက်စိတ်ဆိုတာ