အလှူဒါနပြုဖို့အတွက် သူတပါးအသက်ကို သတ်ရင် အပြစ်ဖြစ်ပါသလား။ စိတ်သုံးမျိုးရှိပေမယ့် လူတွေဆီမှာ ဖြစ်တဲ့ စိတ်က နှစ်မျိုးတည်းရှိပါတယ်။ လူတွေဆီမှာဖြစ်တဲ့ စိတ်နှစ်မျိုးကတော့ ကုသိုလ်စိတ်နဲ့ အကုသိုလ် စိတ်ပါ။ ကျန်တဲ့ ၀ိပါက်စိတ်ဆိုတာ မဖြစ်ပါဘူး။ နောက်တစ်ချက် ကွဲပြားတာက ကုသိုလ်နဲ့ အကုသိုလ်ပါပဲ။ ကုသိုလ်နဲ့ အကုသိုလ် အကျိုးပေးပုံက ကွာပါတယ်။ ကုသိုလ်က ကောင်းကျိုးပေးသလောက် အကုသိုလ်ကတော့ မကောင်းကျိုးကို ပေးပါတယ်။