တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေတယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြားလူတွေ မြေကြီးဆီ ခုန်ချ။ဓာတ်ပုံတွေဆိုတာကဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလိုမြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကိုတခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့သူတို့မျက်နှာဆီကနေ သွေးတွေကပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေသော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။ ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ
တောင်ကုန်းပေါ်ကစံအိမ်
တောင်ကုန်းဟု ပြောလိုက်တော့ စိတ်က စနိုးစနောင့်ဖြစ်သွားသည်။ တောင်ထိပ်ဟု ပြောရမည်လား တချက်တွေးသေးသည်။ ပိုဆိုးကုန်မလားဆိုသည့် ကြောင့်ကြစိတ်က ဝင်လာပြန်သည်။ အကြောင်းမှာ ဗမာစကားကို ပြောသည့်အခါ၌ လိင်ကိစ္စနှင့် ဆက်နွယ်နေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ ပြောကြသည့် ယဉ်ကျေးမှုတခု ထွန်းကားနေသောကြောင့် ဖြစ်သည်။ လိင်ကိစ္စနှင့် အတော်ကလေး နီးစပ်လျင် မည်သူမဆို ထိုအသုံးအနှုန်းကို မိန့်ခွန်း၊ အစည်းအဝေး၊ သင်ကြားခြင်း၊ စကားဝိုင်းတွင်