ဘုရားရှင် ဟောကြားထားတဲ့ အလှူခံပုဂ္ဂိုလ်တွေက ၁။ လောဘကင်းတဲ့ ရဟန္တာဖြစ်ရမယ်။ ၂။ ဒေါသကင်းတဲ့ ရဟန္တာဖြစ်ရမယ်။ ၃။ မောဟကင်းတဲ့ ရဟန္တာဖြစ်ရမယ်တဲ့။ ဒါပေမယ့် ဒီခေတ်မှာတော့ လောဘကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသာ လှူဒါန်းနိုင်တဲ့ အနေအထားမှာ ရှိပါတော့တယ်။ တကယ်တမ်းတော့ အလှူခံပုဂ္ဂိုလ်မရွေးဘဲ လှူဒါန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဘုရားရှင်ကလည်း အဲဒီလိုပဲ ဟောထားပါတယ်။