ရေနောက်ပေမယ့် ခြေရာမပျောက် “သရဲတွေက အဝတ်ဖြူဖြူကြီးတွေဝတ်လို့၊ သံကြိုးကြီးတွေ တကားကားနဲ့ လျှောက်သွားနေကြတယ် ဗူးဝူး” အန်နီဆိုသည် အစ်မဖြစ်သူက သူမလက်ထဲတွင် ကိုင်ထားသည့် ကြိုးများသွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ရုပ်သေးရုပ်ကို ရုတ်တရက်လွဲလိုက်ရင်း သူ့မောင်လေးဖြစ်သူ နီကိုလပ်စ်အား ခြောက်လှန့်လိုက်သည်။ ဘေးနားတွင် ထိုင်နေသော နီကိုလပ်စ်လေးက မျက်မှောင်ကုတ်၍ စူပုပ်သော မျက်နှာဖြင့် နောက်ကိုယို့သွား သည်။ အန်နီနှင့် နီကိုလပ်စ်နှစ်ဦးကစားသည်ကို စောင့်ကြည့်နေသော
လွတ်လပ်စွာတွေးခေါ်သူများ (၅)
ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွတ်သည့်အဘိုးအို။ ၂၁ ရာစုအတွင်း နိုင်ငံသစ်များ ဖြစ်ပေါ်လာသည်။ နိုင်ငံတနိုင်ငံအတွင်းတွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ပေါက်လာသည်။ တချို့သော နိုင်ငံတွင်မူ ကျွန်းစုတစုကို နိုင်ငံအဖြစ် ခွဲထွက်ခွင့်တောင်းဆိုပြီး နိုင်ငံသစ် တည်ထောင်လာကြသည်။ ကိုလိုနီခေတ်အလွန် မာစ်၊ မာစ်-လီနင်၊ ဖက်ဆစ်၊ ကွန်မြူနစ်နှင့် ဒီမိုကရေစီဝါဒများ အလွန်တွင် ပေါ်ပေါက်လာသော နိုင်ငံသစ်များနှင့်အတူ ပြဿနာအသစ်များလည်း တပါတည်း လိုက်ပါလာသည်။ ထိုအရာကား ဘာသာရေးပြဿနာဖြစ်သည်။
လွတ်လပ်စွာတွေးခေါ်သူများ (၂)
၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း
နတ္ထိ
နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို