နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို
ကော်လိုရာဒိုကရေးတဲ့စာ
ဖာမီဝိရောဓိကိုရေးပြီး ယူကျူ့မှာ အဲဒီဝိရောဓိကို သွားတွေ့တာပဲ။ ဖတ်တဲ့သူ ဝိယောဓိလို့ဖတ်နေလို့ နားတော့ မထောင်ခဲ့ဘူး။ မြန်မာစာမှာ ရကောက်နှင့် ယပက်လက် အသံက တူနေတာကိုး။ မြန်မာစာက ဗြဟ္မီအက္ခရာကို မှီငြမ်းခဲ့တာဆိုတော့ ရှိတဲ့အတိုင်း လိုက်ကူးခဲ့ကြပုံပဲ။ ထွင်လည်း မထွင်တတ်တော့ အရှိအတိုင်းပဲ ကူးရတာပေါ့လေ။ ၄၀ ကျော်ရော။ ပိုကုန်ရော။ ဒါနဲ့ အပိုအက္ခရာကို အလကားမဖြစ်အောင် ကြံရတာပေါ့။ ပါသက်တွေ
ထင်းရှာသူများ
ဟုတ်ပါတယ်။ ထင်းရှာတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူတဦးဖြစ်သည်ဆိုတဲ့ ထင်းရှာသူပါ။ ဆရာညီပုလေးရဲ့ မြေးသူကြီးကို ဘယ်ချိန်ဖတ်ဖတ် မြေသူကြီးလို့ပဲ ဖတ်ဖတ်မိသလို ကျုပ် ထင်းရှာသူကို ထင်ရှားသူလို့ ဖတ်မိသွားကြလေမလားလို့ အထူးပင် ရင်လေးနေရပါတယ်။ စာအုပ်တအုပ်နာမည်ကို ထည့်ရေးလိုက်လို့ အဲစာအုပ်ကို ဖတ်တယ်၊ ဖတ်ဖူးတယ်လို့ မထင်ပါနဲ့။ မဖတ်ဖူးဘူးလို့လည်း မထင်ပါနဲ့။ ဖတ်ဖူးခြင်း မဖတ်ဖူးခြင်းကလည်း ထင်းရှာခြင်းအကြောင်းနဲ့ မဆိုင်လို့ ပြောမပြနိုင်ပါဘူး။
သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ် (၁)
ကျွန်ုပ်မှာ ဤစာအုပ်ကို ချပြချင်နေသည်မှာ အတော့်အတော်ပင် ကြာနေချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဘဝကို ပြောင်းလဲစေခဲ့သော စာအုပ်တအုပ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ အသက်ကို ကယ်ဖူးသော အသက်သခင်အား မမေ့သင့်။ ပညာကို မြိုချမိသဖြင့် ဗိုက်ထဲ ပညာရှိနေသည့် ပညာရှိ ဆိုသူများကလည်း သူတထူး၏ ကျေးဇူးကို မမေ့ထိုက်ပေဟု မိန့်ခဲ့လေ၏။ လူဟု ဖြစ်လာသည်နှင့်အမျှ