ဆေးဆိုတာ ခါးတယ် အတုတွေက တူလာတော့လည်း အတူတွေက လိုက်တုရတော့တာပ အမှန်တရားက ခါးတယ်ဆိုရင် အမှားကတော့ ချိုမှာပဲ လူတွေကလည်း သကာကိုပဲ ကြိုက်တယ်လေ သဒ္ဓါတွေ လွန်ထားကြလေတော့ တဏှာကျွန်လို့ အခေါ်မခံရအောင် တားတဲ့သူ လူယုတ်မာ ဖြစ်ကရောပဲ (ရှုး – တိုးတိုး သိရင် တိတ်တိတ်နေ) ဆုတ်ကပ်ကို အပြစ်မဆိုတော့ပါဘူး ရုပ်ဓာတ်တွေ မွဲသထက် မွဲဦးမှာမို့