“မင်းတို့ ဒို့မစိုးရိမ်တိုက်သစ်က သံဃာတွေက များတော့ကို နိုင်ငံခြားဧည့်သည်တွေက ခဏခဏ လာပြီးတော့ အကဲခတ်တယ်၊ သူတို့ရဲ့ လမ်းညွှန်စာအုပ်ကလေးထဲမှာ “ရွှေအင်ပင်ကျောင်းကြီးရဲ့ အနီးမှာ သံဃာတွေ နှစ်ထောင်ကျော် သီတင်းသုံးတဲ့ ကျောင်းတိုက်ကြီးတစ်တိုက်ရှိတယ်” လို့ အဲဒီလိုရေးထားပါသတဲ့။ အဲ ပါတဲ့အတွက် ရွှေအင်ပင်ကျောင်းကတော့ အနုပညာလေ့လာဖို့။ ပြီးတော့ ရွှေအင်ပင်တစ်ကျောင်းလုံးက ကျွန်းသားနဲ့ချည်းဆောက်ထားတာ၊ တိုင်ကလည်း ကျွန်းသား၊ အကာကလည်း ကျွန်းသား၊ ပန်းပုရုပ်ကလည်း