ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့ ပြောပြော ချက်ချင်းသတိထားမိလိုက်တာက တောင်ကြီး။ နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းက