ကျွန်တော် ဒုစရိုက်ဆယ်ပါးကို ရေးဖို့ အကြောင်းမရှိပါဘူး။ ဒုစရိုက်ဆယ်ပါးကို လူတိုင်းသိကြတယ်လေ။ ဒါနဲ့ ဒုစရိုက်ဆယ်ပါးထဲက သိပ်သံသယမရှင်းကြတဲ့ မိစ္ဆာဒိဋ္ဌိကိုပဲ ရေးလိုက်တယ်။ ရေးရင်းမုသာဝါဒကို ရေးချင်လာတာနဲ့ “မုသား” ဆိုပြီး ကဗျာတွေနဲ့ ရေးခဲ့တယ်။ ဒီပိုစ့်တွေ ရေးရတာကလည်း ကျွန်တော့်တို့ Myanmar Friends Day မှာ ကိုကိုမောင်ဆိုတဲ့ အဖွဲ့ဝင်တစ်ဦးက “ဒုစရိုက်ဆယ်ပါး အကြောင်း ဆွေးနွေးကြရအောင်” ဆိုပြီး
ဝစီဘေဒ ထိတိုင်းရှ
ကျွန်တော် ကာယကံရေးပြီဖြစ်တဲ့အတွက် မကင်းရာ မကင်းကြောင်း ၀စီကံကို ဆက်ရေးသွားပါမယ်။ ၀စီကံ လေးပါးရှိတယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်တယ်။ အဲဒီထဲက မုသာဝါဒကံကို ကျွန်တော်က “မုသား” ဆိုပြီး ပိုစ့်တင်ပြီးသားလည်း ဖြစ်တဲ့အတွက့် ကျန်တဲ့ ဖရုသ၊ ပိသုဏနဲ့ သမ္ဖပ္ပလာပသုံးခုကို ရှင်းပြသွားပါမယ်။ သိပ်ရှင်း စရာတော့ မရှိပါဘူး။ ဖရုသ – ကြမ်းတမ်းခြင်း၊ ၀ါစာ –