သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့် မသပ်မပယ် ကိုရင်ငယ်ဟု စိတ်ဝယ်မလေး ထင်မသေးနှင့် ခေါင်းမှာပွေးဒက် အနာစက်နှင့် မရှက်တတ်ပေ သာမဏေဟု ရိုသေကင်းဝေး ထင်မသေးနှင့် ဆူညံပြေးလွှား ဆော့ကစားလျက် နေငြားကိုပင် မဆင်ခြင်ဘဲ စိတ်ထွေပြစ်ထွေး ထင်မသေးနှင့် မြွေဟောက် မြွေပွေး ပိစိကွေးဟု အရေးမထား ကိုင်တွယ်ငြားက ဆိပ်များပြင်းပြ ကုမရသို့ တူလှလေအင် မောင်ကိုရင်ဝယ် ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက် သံဃာ့ဂုဏ်ပန်း