ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွတ်သည့်အဘိုးအို။ ၂၁ ရာစုအတွင်း နိုင်ငံသစ်များ ဖြစ်ပေါ်လာသည်။ နိုင်ငံတနိုင်ငံအတွင်းတွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ပေါက်လာသည်။ တချို့သော နိုင်ငံတွင်မူ ကျွန်းစုတစုကို နိုင်ငံအဖြစ် ခွဲထွက်ခွင့်တောင်းဆိုပြီး နိုင်ငံသစ် တည်ထောင်လာကြသည်။ ကိုလိုနီခေတ်အလွန် မာစ်၊ မာစ်-လီနင်၊ ဖက်ဆစ်၊ ကွန်မြူနစ်နှင့် ဒီမိုကရေစီဝါဒများ အလွန်တွင် ပေါ်ပေါက်လာသော နိုင်ငံသစ်များနှင့်အတူ ပြဿနာအသစ်များလည်း တပါတည်း လိုက်ပါလာသည်။ ထိုအရာကား ဘာသာရေးပြဿနာဖြစ်သည်။