အဖွဲ့အမည် `ဆည်းဆာရိပ်´ ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်နေရာ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျှင်မြို့။ (၂) ၈၀၃/၈၀၅ မဟော်သဓလမ်း၊ ၁၂-ရပ်ကွက်၊ အရှေ့ဒဂုံ၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၇၃၀၁၈၀၀၇ လုပ်ငန်းအစီအစဉ် အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံ ဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှုအပေါ်တွင်
ဆည်းဆာရိပ် ဂိလာနဘိုးဘွားစောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့
`မွေးဖွားခြင်းဥည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစ´ ဟူသော လူ့လောကသဘာဝတွင် အို၊ နာ၊ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်သည်။ ထိုရှောင်လွှဲ၍မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ၎င်းတို့၏ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြသော်လည်း ကုသိုလ်ကံမကောင်းသည့် မိအို၊ ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင် အကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာ