<![CDATA[ ခုရေးမှာက အားလုံး ကြားဖူးပြီးသားပါ။ သမိုင်းနဲ့ ချီတာကိုး။ သမိုင်းကလည်း ဘုရင်တွေရဲ့ သမိုင်းဆိုတော့ ဒီဇာတ်လမ်းကို ထူးထူးထွေထွေ ပြောဖို့မလိုလောက်ပါဘူး။ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စကားပုံတောင် ကျန်ခဲ့သေးတာပဲ။ “မောင်းထောင်ကလည်း မောင်းထောင်၊ တောင်ငူကလည်း တောင်ငူ” ဆိုတဲ့ စကားပုံလေ။ ဒီစကားပုံကိုတော့ လူတွေကြားမှာ သုံးတာ သိပ်မကြားဖူးဘူး။ ဆရာတော်ကြီးတွေ စာချရင်းတော့ ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့
ခွင့်လွတ်ပါဘုရား (မစိုးရိမ်ဆရာတော်)
အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက