ရေနောက်ပေမယ့် ခြေရာမပျောက် “သရဲတွေက အဝတ်ဖြူဖြူကြီးတွေဝတ်လို့၊ သံကြိုးကြီးတွေ တကားကားနဲ့ လျှောက်သွားနေကြတယ် ဗူးဝူး” အန်နီဆိုသည် အစ်မဖြစ်သူက သူမလက်ထဲတွင် ကိုင်ထားသည့် ကြိုးများသွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ရုပ်သေးရုပ်ကို ရုတ်တရက်လွဲလိုက်ရင်း သူ့မောင်လေးဖြစ်သူ နီကိုလပ်စ်အား ခြောက်လှန့်လိုက်သည်။ ဘေးနားတွင် ထိုင်နေသော နီကိုလပ်စ်လေးက မျက်မှောင်ကုတ်၍ စူပုပ်သော မျက်နှာဖြင့် နောက်ကိုယို့သွား သည်။ အန်နီနှင့် နီကိုလပ်စ်နှစ်ဦးကစားသည်ကို စောင့်ကြည့်နေသော
လွတ်လပ်စွာတွေးခေါ်သူများ (၃)
တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေတယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြားလူတွေ မြေကြီးဆီ ခုန်ချ။ဓာတ်ပုံတွေဆိုတာကဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလိုမြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကိုတခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့သူတို့မျက်နှာဆီကနေ သွေးတွေကပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေသော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။ ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ
လွတ်လပ်စွာတွေးခေါ်သူများ (၂)
၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း
လွတ်လပ်စွာတွေးခေါ်သူများ (၁)
ပဏာမတွင် သိအပ်သည်ဟူ၍ ရှိနိုင်၏။ လွတ်လပ်စွာတွေးခေါ်သူများဟု ဆိုသော်ငြား အကယ်တန္တု ယခုရေးမည့် အကြောင်းအရာများသည် ဘုရားမဲ့ဝါဒဟု ခေါ်ဆိုကြသော လူသားဝါဒအကြောင်းသာ ဖြစ်ပါသည်။ ဒေတာဝါဒအထိလည်း ပြောမည်မဟုတ်ပါ။ ဤနိုင်ငံက နှစ်ပေါင်း ၁၅၀ ထက်မနည်း နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဒေတာဝါဒသို့ရောက်ရန် ၁၇၅ နှစ်ခန့်မျှ လိုနေပါသေးသည်။ လူသားဝါဒသို့ပင် မရောက်သေးပါ။ သို့သော်လူသားဝါဒ ဒေတာများကို ပေးပါမည်။ အချို့သောသူများ
နတ္ထိ
နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို