ကိုယ်ကျင့်တရားတွေ ညှော်စော်နံနေမှ လူတွေက ကြည်ညိုလေးစားတယ် ဒါ တရားမျှတမှုအရှိဆုံး နိယာမပဲ ကိုယ့်ဦးနှောက်ကို ဖောက်စားတဲ့သူကိုမှ လူတွေက အားပေးချီးမြှောက်ကြတယ် ဒါ လူတွေရဲ့ အံသေကျင့်ထုံးတစ်ခုပဲ သဒ္ဓါတရားအညွှန့်ချိုးစားခံရမှ လူတွေက ကျေနပ်အားရကြတယ် ဒါ လူတွေရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ ကိုယ့်ကို သေကြောင်းကြံတဲ့သူကိုမှ ဓားထက်ထက် သွေးပေးချင်ကြတယ် ဒါ လူတွေရဲ့ မှီဝဲနေကျ အားဆေးတစ်ခွက်ပဲ (ခင်ဗျားတို့ လည်ပင်းတဲတဲလေးကျန်တဲ့အချိန်