ယခု ဘဒ္ဒကမ္ဘာကနေ ပြန်တွက်လိုက်လို့ရှိရင် ဟိုး ၉၂ ကမ္ဘာမြောက်မှာ ဖုဿဆိုတဲ့ ဘုရားပွင့်တဲ့ ကမ္ဘာတစ်ခု ပေါ်ခဲ့ဖူးတယ်။ ဖုဿဘုရားရှင်ခမည်းတော်ဟာ သူ့သားတော်ကို ဘယ်မှ မကြွခိုင်းပဲနဲ့ နန်းတော်ထဲမှာပဲ နေ့စဉ် ဆွမ်းပင့်ကပ်ပါတယ်။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ်ပေါ့ဗျာ။ တစ်သက်လုံးလို့ပြောလို့တောင်ရတယ်။ ဒါကို တိုင်းသူ ပြည်သားအချို့နှင့် မင်းသားသုံးယောက်က မကျေနပ်ဘူး။ ဒါပေမယ့် ဖခမည်းတော်လုပ်ရပ်ကိုလည်း မကန့်ကွက်ရဲပါဘူး။ ဒါပေမယ့် ဘုရားရှင်ကိုလည်း
ဗုဒ္ဓဖြစ်စဉ် (၉)
`ငါဘုရင်ဖြစ်ရရင် ကောင်းမယ်။ ငါဘုရင်ဖြစ်ရလို့ ငါဘုရင်ဖြစ်ချိန်ကျရင် ဘုရားရှင်က ငါ့တိုင်းပြည့်ကို ကြွလာရင် ကောင်းမယ်။ ဘုရားရှင်ကြွလာလို့ရှိရင် ဘုရားရှင်ကို ရိုသေစွာ ဆည်းကပ်ခွင့်ရရင်ကောင်းမယ်။ ငါ ဘုရားရှင်ကို ဆည်းကပ်တဲ့အချိန်မှာ ဘုရားရှင်က ငါ့ကို နိဗ္ဗာရောက်ကြောင်းတရားဟောရင် ကောင်းမယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း ဘုရားရှင်ဟောတဲ့တရားကို နာယူနိုင်စွမ်းရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ ´ ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်လာမယ့် ဗိမ္ဗိသာရမင်းဟာ သူအိမ်ရှေ့စံဘ၀မှာ အဲလို ဆုတောင်းခဲ့ဖူးပါတယ်။
ဗုဒ္ဓဖြစ်စဉ် (၈)
မိန်းကလေး ချောချောလှလှလေးတွေ အများကြီးနဲ့ အတူနေရလွန်းတော့လည်း ယသ ဆိုတဲ့ သတို့သားလေးခမျာ ညည်းငွေ့လာတယ်။ စိတ်တွေနောက်လာတယ်။ ပျင်းရိလာတယ်။ မေ့တတ်လာတယ်။ ပျံ့လွင့်လာတယ်။ တွေဝေလာတယ်။ စိတ် အစွမ်းကုန်ညစ်သွားတယ်ပေါ့ဗျာ။ ဒါနဲ့ တစ်ညမှာတော့ မိုးမလင်းခင်လေးမှာ သူထွက်ပြေးတယ်။ စိတ်ညစ်ညစ်နဲ့ ထွက်ပြေးတယ်ဆိုတော့ ရောက်ချင်ရာရောက်ပေါ့ဗျာ။ ပြေးရင်း ပြေးရင်း သူ့ပါးစပ်က “တကယ့်ဒုက္ခအိုးပဲ” လို့ ရေရွတ်နေတယ်။ သူထွက်ပြေးသွားတဲ့နေရာက မိဂါဒါဝုန်တောအုပ်ထဲကိုဖြစ်နေတယ်။
ဗုဒ္ဓဖြစ်စဉ် (၇)
အခုလက်ရှိ ဘုရားပွင့်ခဲ့တဲ့နေရာမှာ အဖေနဲ့အမေကြောင့် ငါတို့လူဖြစ်ရတယ်လို့ကစပြီး စတင်ပေါ်ပေါက်ခဲ့တဲ့ ကိုးကွယ် မှုဖြစ်စဉ်တစ်ခုအရ ကောင်းကင်၊ မိုးနဲ့မြေ၊ ကျောက်ဆောင်၊ နေမင်း၊ ဗြဟ္မာစတဲ့ ကိုးကွယ်မှု အဆက်ဆက်ကြီးရှိခဲ့ပါတယ်။ သူတို့ ကိုးကွယ်တဲ့ ဗြဟ္မာတောင် ဘုရားကို ရှိခိုးတောင်းပန်ရလေတယ် ဆိုတဲ့ အဖြစ်မျိုးဖြစ်ရလေအောင် သဟမ္ပတိဗြဟ္မာရဲ့ တောင်းပန်မှုဖြစ်ပျက်ခဲ့ရတာပါ။ သဟမ္ပတိဗြဟ္မာရဲ့ တောင်းပန်မှုကို ဘုရားရှင်က ၀န်ခံကတိပြုပြီးနောက် ဘယ်သူ့ကိုအရင်တရားဟောသင့်လဲလို့ ဆင်ခြင်လိုက်တဲ့အခါ ကျေးဇူးလည်းများ
ဗုဒ္ဓဖြစ်စဉ် (၆)
ဘုရားဆုပန်သူပေါ်လာပြီးတဲ့နောက် အဲဒီဘုရားလောင်းအတွက် ကမ္ဘာကိုစောင့်ကြည့်တဲ့ ဗြဟ္မာ ဘိုးသက်ရှည်ကြီးတွေဟာ ကမ္ဘာတစ်ခုဖြစ်တည်ရင် တစ်ကမ္ဘာလို့ စတင်ရေတွက်မှတ်တမ်းတင်ပါတယ်။ အဲဒီကမ္ဘာပျက်လို့ နောက်ဒုတိယကမ္ဘာပေါ်လာရင်နှစ်ကမ္ဘာလို့ ထပ်မံတွက်ပါတယ်။ တတိယကမ္ဘာရောက်လာရင် သုံးကမ္ဘာစသဖြင့်ပေါ့။ လေးငါကမ္ဘာ ၊ ငါးကမ္ဘာ၊ ခြောက်ကမ္ဘာ၊ (လ) သိန်း၊ သန်း၊ ကုဋေ စသဖြင့် ကမ္ဘာတစ်လုံးချင်းစီ တွက်သွားပါတယ်။ ကုဋေနောက်မှာ တွက်လို့ရတဲ့ သင်္ချာအရေအတွက်ပေါင်း ၁၄ မျိုးရှိပါသေးတယ်။ သုညအလုံးပေါင်း
ဗုဒ္ဓဖြစ်စဉ် (၅)
ဟာ……. တစ်နေ့ကမှ ဘုရားပွင့်ပြီးတယ်။ ဒီနေ့နောက်တစ်ဆူပွင့်ပြန်ပြီလားလို့ ကာလနဂါး ညည်းညူပြီးတဲ့နောက် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ဂါထာပေါင်းများစွာဖြင့် ချီးကျူးပါတယ်။ ဒီအသံကို စောင့်နေတဲ့ နတ်များကလည်း အသံကို ကြားပြီးနောက် မြတ်စွားဘုရားရဲ့ ဂုဏ်တော်ကို ချီးကျူးပါတယ်။ အလောင်းတော်ဟာ သုဇာတာကပ်တဲ့ ဆွမ်းကိုဘုဉ်းပေးပြီးနောက် ဗောဓိပင်ရှိရာကို သွားခဲ့ပါတယ။် အဲဒီနေ့မှာ သောတ္ထိယကလည်း တောကနေ မြက်ရှစ်ဆုပ်ထမ်းပြီး ပြန်အလာဖြစ်နေတော့ လမ်းခုလတ်မှာ ဆုံတယ်။
ဗုဒ္ဓဖြစ်စဉ် (၄)
“ဟာ ဘုရားက မနေ့ကမှ တစ်ဆူပွင့်ပြီးတာ။ ဒီနေ့နောက်တစ်ဆူထပ်ပွင့် ပြန်ပြီလား ဘုရားက ခဏခဏပွင့်နေတာပဲ” ဟုတ်တာပေါ့။ ကာလနဂါးအတွက်တော့ သိပ်ဟုတ်တာပေါ့။ သူက ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလတစ်ခုလုံးအိပ်တဲ့နဂါးပဲ။ တကယ်တမ်းဒီဘုရားနဲ့ ရှေ့ဘုရားအကြား အန္တရကပ်တစ်ကပ်တောင်ကြာတယ်။ ပြီးတော့ သူပြောသလို ဘုရားခဏခဏပွင့်တာမဟုတ်ပါဘူး။ အလောင်းတော်သိဒ္ဓတ္ထဟာဆိုရင် တောထွက်ပြီး အာဠာရရသေ့ဆီမှာ ပညာဆည်းပူးပြီးကျင့်တယ်။ ဥဒကရသေ့ဆီမှာ ပညာဆည်းပူးပြီးကျင့်တယ်။ ဒါပေမယ့် အထက်ရသေ့နှစ်ပါးရဲ့အကျင့်ဟာ မအိုရာ မနာရာ