အပြင်မှာ အလုပ်တွေများနေတာနဲ့ ကျွန်တော် ဗုဒ္ဓဖြစ်စဉ်ကို ပစ်ထားမိသလိုဖြစ်သွားပါတယ်။ အခု အဂ္ဂိဒတ္တရသေ့ ရဲ့ အဖြစ်အပျက်ကနေစလို့ ပြန်လည်ရေးသားပါမယ်။ မြတ်စွာဘုရားက သုမနပန်းသည်ကို ချွတ်တော်မူပြီးနောက် ဒီအဂ္ဂိဒတ္တရဲ့အဖြစ်အပျက်ကလေး ဖြစ်ပေါ်လာတာပါ။ ဒီအဖြစ်အပျက်လို့ မပြောခင် အဂ္ဂိဒတ္တရဲ့ အဖြစ်အပျက်ကလေးကို ကြိုပြောမှ ရပါမယ်။ ခေတ်အခေါ်အဝေါ်နဲ့ ဆိုရင် အဂ္ဂိဒတ္တဟာ ဗေဒင်ဆရာပါ။ ရာထူးလည်း နည်းနည်းကြီးပါတယ်။ ဘုရင်ရဲ့ ဗေဒင်ဆရာဆိုပါတော့။ ဘုရင်အဆက်ဆက်
http://friendsdaygroup.ning.co…
http://friendsdaygroup.ning.com ကိုလာပါ
ဗုဒ္ဓဖြစ်စဉ် (၁၅)
နန္ဒမင်းသားကတော့ သာသနာ့ဘောင်မှာ နေရတာ မပျော်ပိုက်ဘူးဖြစ်နေတယ်။ ဘယ်ပျော်မှာလဲ။ ဇနပဒကလျာဏီလေးက “အမြန်ပြန်ခဲ့နော် မောင်” လို့မှာလိုက်သကိုး။ မှာလိုက်တဲ့အချိန်ကလည်း အလှပြင်လို့ မပြီးတပြီး အ၀တ်အစားဖိုးရိုးဖားယားဖြစ်နေချိန်။ စကားမစပ် တချို့ယောက်ျားတွေက မိန်းကလေးတွေရဲ့ အလှပြင်ပြီးချိန်ကို မကြိုက်တတ်ဘူး ဗျ။ ဒါကြောင့် မာရ်နတ်သမီးသုံးယောက်က ဘုရားရှင်ကို မြူဆွယ်ချိန်မှာ ပုံအမျိုးမျိုးနဲ့ မြူဆွယ်ခဲ့တယ်လေ။ တစ်ယောက်က မိန်းမကြီးပုံ။ တစ်ယောက်က မနူးမနပ်အရွယ်ပုံ။ တစ်ယောက်က
ဗုဒ္ဓဖြစ်စဉ် (၁၃)
မြတ်စွာဘုရားရှင်ဟာ ဖခမည်းတော် သုဒ္ဓေါဒနကို အနာဂမ်ဖြစ်အောင် တရားဟောပြီး ကပိလ၀တ်ကနေ မလ္လတိုင်း အနုပိယဥယျာဉ်ကို ကြွရောက် သီတင်းသုံးပါတယ်။ သုဒ္ဓေါဒနကတော့ သူ့သား အခြွေအရံနည်းမှာစိုးလို့ သာကီဝင်ပေါင်း ၁၀၀၀ ကို သာသာနာဘောင်ထဲ ၀င်ခိုင်းခဲ့ပါတယ်။ တစ်ထောင်ဆိုတော့ တော်တော်များတယ်နော်။ ယောကျာ်းမှန်သမျှ ၀တ်ဆိုတော့ သာသနာ့ဘောင်ထဲ မ၀င်တဲ့သူဟာ ယောကျာ်း မဟုတ်သလိုဖြစ်လာတယ်။ ဒီလိုနဲ့ တစ်ထောင်ကျော်သွားပါတယ်။ ဒါပေမယ့် မ၀င်သူတွေ
ဗုဒ္ဓဖြစ်စဉ် (၁၄)
ဘုရားရှင်ထံမှာ ရဟန်းဝတ်ကြပြီးနောက် ဘဒ္ဒိယမထေရ်ဟာ ပု, ဒိ, အာ ဆိုတဲ့ ဉာဏ်သုံးပါးကို ရတော်မူပါတယ်။ အနုရုဒ္ဓါက စကြာဝဠာတိုက်တစ်ထောင်ကို ကြည့်နိုင်တဲ့ ဉာဏ်ရတယ်။ ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့က ရဟန္တာဖြစ်သွားတယ်။ အာနန္ဒာကတော့ သောတာပန်ပဲဖြစ်တယ်။ ဒေ၀ဒတ်ကျတော့ တန်ခိုးဣဒ္ဓိပါတ်ရိုးရိုးပဲ ရပါတယ်။ ဘာဉာဏ်မှ မရပါဘူး။ အဲဒီကြားထဲမှာ ဘုရားရှင်က ရာဟုလာကလေးကို ကလေးငယ်ဆိုတာ ယုတ္တိရှိရှိ မရှိရှိ သင့်သင့်
ဗုဒ္ဓဖြစ်စဉ် (၁၂)
ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့ကို ကောင်းကင်ထက်တွင် ဂါထာပေါင်း ၁၀၇၀ နှင့် တန်ဆာဆင်ထားတဲ့ တရားတော်ကို ဟောတော်မူပြီးနောက် ပြုလုပ်ထားတဲ့ ပလ္လင်မှာထိုင်ပြီး ပေါက္ခရ၀ဿမိုးရွာသွန်းစေတော်မူပါတယ်။ ဆွေတော်မျိုးတော်များကလည်း အဲဒီအခါမှပဲ တအံ့တသြတွေဖြစ်ပြီး ဘုရားရှင်ကို ရှိခိုးပါတယ်။ အဲဒီမှာ ဝေဿန္တရာဇာတ်တော်ကို ဘုရားရှင် ဟောပါတယ်။ နောက်တစ်နေ့မနက်။ ဘုရားရှင်ဆွမ်းခံကြွလာရင်း မြို့အ၀င်မှာ ရှေးဘုရားအစဉ်အဆက်ဆက် ဆွမ်းခံဘယ်လိုကြွလဲလို့ ကြည့်လိုက်တယ်။ ရှေးဘုရားအဆက် များအားလုံး အိမ်စဉ်လှည့်ဆွမ်းခံကြွခဲ့တာကို
ဗုဒ္ဓဖြစ်စဉ် (၁၁)
များသောအားဖြင့် ရဟန္တာတို့ ဆိုတာမျိုးက လူ့အဖြစ်တွေ လောကီရေးရာတွေကို လုံးဝလစ်လျှူရှုတတ်ပါတယ်။ ဒါကြောင့် ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနက သူ့သားဘုရားရှင်ကို ပင့်ခိုင်းလိုက်တဲ့ ကိစ္စမှာ မူးမတ်ပေါင်း ၉၀၀၉ ယောက်ဟာ ရဟန်းပေါင်း ၉၀၀၉ ပါးသာဖြစ်သွားတယ်။ သူ့သား ဘုရားကိုတော့ဖြင့် တစ်ပါးမှ မလျှောက်ကြပါဘူး။ အရဟတ္ထဖိုလ်ကို ရပြီဆိုရင် လောကီကိစ္စကို လုံးဝလစ်လျှူရှုပစ်လိုက်ပါတော့တယ်။ (ဒီနေရာမှာ စကားတစ်ခုပြောချင်တာက မိမိကိုယ်ကို ရဟန္တာဟု