ရှုပ်ထွေးမှုများနှင့် ပွက်လောက်ညံနေသော ဝေသာလီမြို့၏ ကွန်ယက်မှ လွတ်တော်မူသော မြတ်ဗုဒ္ဓနှင့် ညီတော် အာနန္ဒာသည် တိမ်တိုက်မြူခိုးမှ လွတ်ထွက်လာသော လမင်းကြီးနှင့်တူပေ၏။ မြတ်စွာဘုရားသည် မြို့၏ မြောက်ဘက်တံခါးမှ ထွက်တော်မူလာပြီးနောက် အဝေးပြေးလမ်းမကြီးကို စွန့်ခွာခဲ့၍ စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးဘက်ကို ခြေဦးလှည့်တော်မူသည်။ ဘုရားရှင်စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးပေါ်သို့ ခြေတော်ချလိုက်သည်နှင့် ယင်းမာ ကံ့ကော် စွယ်တော် သရဖီစသော တောတွင်းရှိပန်းများသည် အသက်ရှိသည့်နှယ် တစ်ပင်လုံးတစ်ခိုင်လုံး
နှုတ်ဆက်ပါသည် ဝေသာလီ (၁)
ဝေသာလီဟု ပြောလိုက်လျှင် မသိသူမရှိ။ လူကြီးလူငယ် အားလုံးသိကြပါသည်။ ထိုသို့ သိကြခြင်းမှာလည်း ဝေသာလီ၏ လိစ္ဆ၀ီမင်းတို့၏ ထီးနန်းစိုက်ရာမြို့တော်ဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု ကြွယ်ဝချမ်းသာမှုနှင့် အေးချမ်းသာယာမှုတို့ကြောင့်လည်းဖြစ်ပါသည်။ ၀ဇ္ဇီတိုင်းအတွင်း၌ ဝေသာလီမြို့အပြင် ဓမ္မကောရဏ္ဍမြို့၊ အဋ္ဌကမြို့၊ ဘောဂမြို့၊ ဥက္ကာစေလမြို့စသော မြို့ကြီးများလည်း ရှိပါသေးသည်။ မြတ်ဗုဒ္ဓ သီတင်းသုံးနေတော်မူခဲ့ပြီး တရားဒေသနာတော်များ ဟောခဲ့ဖူးသော ဘဏ္ဍရွာ၊ ကောဋိရွာ၊ ဟတ္ထိရွာ၊ နာတိကရွာနှင့် ဝေဠုဝရွာစသော
ခရိယာန်တစ်ဦးကဟောကြားတဲ့ နိဗ္ဗာရောက်ကြောင်းတရား
ကျွန်တော် ဒီတရားတော်ကို ရေးမပြခင် မြစ်ကြီးနားက စာရေးဆရာ ပန်းဒကာ ကိုတင်မြင့်ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲက စကားလေးတစ်ခွန်းကို ကိုးကားပါရစေ။ အကျဉ်းပဲပြောပါမယ်။ သူက နိဗ္ဗာန် ဆိုတာ နိဗ္ဗာန ဆိုတဲ့ ပါဠိက လာတယ်။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိက လာတယ် စသဖြင့် အခြားဘာသာဝင်များ ယူသုံးထားတဲ့ ဗုဒ္ဓဘာသာနဲ့သာဆိုင်တဲ့ ဝေါဟာရ များကို
ဂန္ဓာရုံဆရာတော်နှင့် ဦးဖေမောင်တင်
“ဆရာတော် ဟောထားတဲ့ အနတ္တတရားကြောင့် ဆရာတော်ဆီလာခဲ့ရပါတယ်ဘုရား” “ကောင်းပါတယ်။ ဘုန်းကြီးဟောထားတယ် ဆိုပေမယ့် တကယ်တော့ ဗုဒ္ဓမြတ်စွာ ဟောထားတာပါ၊ ဘုန်းကြီးက တစ်ဆင့် နားလည်အောင် ရှင်းပြတာပါ” “တပည့်တော် ကက်ဆက်ကနေ တရားနာတော့ အရှင်ဘုရားက အနတ္တအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောထားတာကို ပိုသိချင်လို့ လာခဲ့ရတာပါဘုရား” “ဟုတ်ပါတယ် ဒကာကြီး ၊ အနတ္တအကြောင်းက နားလည်ရခက်တယ်။ နက်လည်းနက်နဲတယ်။ ခက်လည်းခက်တယ်။
ကောသလအိပ်မက် ၁၆ ချက်
အမေး ၁။ နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။ အဖြေ ၁။ နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ
မေးကြ ဖြေကြပုံဆန်း
မေး ဗုဒ္ဓဘာသာမှာ အနိစ္စဆိုတာရှိပါတယ်။ အမြဲမရှိပေါ့။ အမြဲမရှိဆိုရာမှာ စိတ် , စေတသိတ်, ရုပ်တွေဟာ အမြဲမရှိဘူးလို့ ဆိုလိုတာ လို့ထင်ပါတယ်။ ဒါဆိုရင် သညာ ဆိုတဲ့ စေတသိတ်ဟာလည်း အမြဲမရှိဘူးပေါ့။ မှတ်သားတတ်တဲ့ သညာဟာ အမြဲ မရှိဘူးဆိုရင် ဘာဖြစ်လို့ ကျွန်မတို့ဟာ တစ်ခုခုကို မှတ်သားထားရင် မှတ်မိနေပါသလဲ။ တကယ်တမ်း အနိစ္စတရားအရ မှတ်သားထားတာတွေ မမြဲဘူးဆိုတော့
ရှုံးသူ
ကိလေသာ တင်းကျမ်းမို့ အဆင်းလမ်း အစုန်ချည်းဖန်။ အကုသိုလ်တရားဆိုးတွေကြောင့် အမှားအိုး ပြည့်လျှံ။ ဆယ့်တစ်မီးရယ်က ပျက်စီးအောင် လောင်ကြပြန် မှောင်သမျှ မဟန် ၀ိဇ္ဇာသုန်း တစ်ထောင်မှမဆန် မိစ္ဆာဖုံး လောကမာယာ ၀ဲဂယက်မှာလ လောဘ အခါခါ တက်ဆဲပါပဲ ဒေါသထန်ကာ အမျက်သည်းပုံဖြင့် မောဟထုံစွာ တစ်သက်စွဲနေတော့ လက်ခနဲရယ်မှ ရောင်မလင်း ဆောင်ကြဉ်းရာ နရက်အောက်ပျော်မို့ ရှက်ကြောက်မပေါ် မိုက်တွင်းနက်ရှာဘိ