ကျွန်တော်က စတီရီယိုခေတ် ရွှေခေတ်လို့ခေါ်ကြတဲ့ ခေတ်ကို မီခဲ့တယ်။ အဲဒီခေတ်မှာ ဆိုရင်ဖြင့် သီချင်းတပုဒ်နားထောင်ခွင့်ရတာ၊ အဆိုတော်အသစ်တယောက်ကို သိခွင့်ရတာက တကယ့် အခွင့်အရေးကြီး။ အဲသည်ခေတ်မှာ Walkman ကလေးတလုံးလောက်ကို ခါးစောင်းချိတ်ပြီး နားကြပ်လေးတပ်ထားရင်ကို တကယ်မိုက်တဲ့ခေတ်ပေါ့။ ကျွန်တော်လည်း Walkman တလုံးလောက်တော့ ပိုင်ဆိုင်ခဲ့ဖူးတယ်။ သို့ပေမယ့် Sony တို့ Panasonic တို့ကို ဘယ်ကိုင်နိုင်လိမ့်မတုန်း။ တရုတ်က ထုတ်တဲ့
Hot December
ပြုံးလို့ရယ်လည်း ဒီမျက်နှာ ငိုကာ ရှိုက်လည်း ဒီမျက်နှာပဲ (တဒင်္ဂထဲက တခဏဘဝ၊ ခွန်သန်းထွန်း) ခွန်သန်းထွန်းသီချင်းများစွာထဲက ဒီ “တဒင်္ဂထဲက တခဏဘဝ” သီချင်းထဲက စာသားလေးကို စိတ်ထဲကနေ ခဏခဏရွတ်နေမိတယ်။ ဟုတ်တယ်။ လူတယောက် ပြုံးတာဖြစ်ဖြစ်၊ ငိုတာဖြစ်ဖြစ် ဒီမျက်နှာကနေပဲ လုပ်လို့ရတယ်။ ပြီးတော့ ပျော်နေသလား ဝမ်းနည်းနေသလား သိချင်ရင်လည်း ဒီမျက်နှာကိုပဲ ကြည့်တယ်။ ဒီလူရဲ့ သွင်ပြင်ကနေ
သာမဏောဝါဒ (၁)
ဘုန်းတော်ကြီးကျောင်း တော်တော်များများ မနက်အစောကြီး ထလေ့ရှိတာကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ရဟန်း သံဃာတော်များဆိုတာက မနက်တိုင်း အရုဏ်အမီထပြီး ဘုရားဝတ်ပြုရပါတယ်။ မနက်ခင်းဆိုတာက ဆိတ်ငြိမ်တယ်။ ဘုရားရှိခိုးရ၊ တရားထိုင်ရတာ စိတ်အလွယ်တကူ ကြည်လင်လွယ်တယ်။ တခုခုကို အာရုံစိုက်ရတာလည်း ပိုလွယ်တယ်။ ဒါကြောင့် စောစောထလေ့ ရှိကြတယ်။ စောစောထပြီး မနက်ခင်းကို ဘုရားရှိခိုးတာနဲ့ စတာကလည်း ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေတယ်။
ဘေးကပ်ရက်ခုံလေးများ (၆)
ဘာ မျှော်လင့်ချက်မှ မထားခဲ့တဲ့သူဟာ သူမမျှော်လင့်တဲ့ ဘဝမျိုးနဲ့ နေထိုင်ရလိမ့်မယ်။ အခု ကျုပ်လိုပေါ့ဗျာ။ သည်နေ့ အသက် ၄၄ ပြည့်တယ်။ လေးဆယ့်လေးပြည့်တဲ့အနေနဲ့ ကျုပ်ဘဝမှာ ဘာမှ မမျှော်လင့်ခဲ့ဖူးလို့ မမျှော်လင့်တဲ့ဘဝမှာ နေထိုင်နေရပုံလေးကို ပြောပြကြည့်ချင်တယ်။ ကျုပ် ဒီကို စရောက်တော့ ကျုပ်နေတဲ့ ဇရပ်လေး (အစက ဇရပ်ဆိုပြီး ဆောက်ထားတာ၊ ကျုပ်ကို ဘုန်းကြီးလာလုပ်ပေးပါလို့ လာပင့်ပြီးတော့မှ
Enneagram Relationship Three and Four
ယှက်နွယ်မှု သူတို့နှစ်ယောက်တွဲပြီဆိုလျင်ဖြင့် ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲ ပေါ်လာပေပြီဟု မှတ်သင့်သည်။ သူတို့က တယောက်အပေါ် တယောက် အရေးပါလှသော စွမ်းရည်ကိုယ်စီများဖြင့် နွယ်ယှက်ထားကြသောကြောင့် ဖြစ်သည်။ ထိုစွမ်းရည်ကား အမျိုးအစား စုံလင်လှသော လိုအပ်ချက်များဖြစ်ကြသည်။ အင်နာဂရမ် နံပါတ် ၄ သမားတို့က နံပါတ် ၃ သမားတို့အား သူတို့၏ အရည်အချင်း မည်ကဲ့သို့ ရှိသည် သူတို့က မည်သည့်
အညောင်းပြေ အညာပြေ လမ်းသလားခြင်း
သတင်းမျိုးစုံနှင့်အတူ ကောလဟာလတွေ တင်းကြပ်မှုတွေ ဖြေလျှော့မှုတွေ ပြည့်ပြည့်လာတဲ့ ကိုဗစ်ကာလမှာ Screen ပြားအမျိုးမျိုးအပေါ် စက္ခုပသာဒကို ဖြုန်းတီးလိုက်တာ ခါးနာလာသလို ဇက်ကြောတွေလည်း တင်းလာတယ်။ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံက နေရင်းထိုင်ရင်း ငြီးစီစီကြီးဖြစ်လာတယ်။ ငါ hiking လုပ်တာမျိုးတစ်ခုခု လုပ်ရမယ်လို့ တွေးမိတယ်။ ဒါနဲ့ သူငယ်ချင်းတပါး ခဏခဏ ခေါ်တဲ့ ပွန်ချောင်းဘက် ရေသွားချိုးရင် လျိုထဲဆင်းရမယ်။ အပြန်မှာ
Enneagram Relationship Three and Three
ယှက်နွယ်မှု အင်နာဂရမ်အမျိုးအစား တူသူချင်းနှစ်ဦး အတူပေါင်းစပ်နေထိုင်ခြင်းသည် အချင်းချင်းတူညီသည့် စွမ်းရည်များဖြင့် တဦးကို တဦးထောက်ပံ့ထားပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်အတွက် အတူတွဲလက်ညီ နေထိုင်ခဲ့ပါက တဦးနှင့်တဦး မုသားထောင်ချောက်တွင်း ကျရောက်ခဲ့ကြသူများ ဖြစ်ကြပါလိမ့်မည်။ အကယ်၍ သူတို့သည် အဆင့်မြင့်မြင့် အင်နာဂရမ်ပိုင်ရှင်များဖြစ်ပါက ဤအချက်ကို သူတို့နှစ်ဦးစလုံးက ဤအချက်ကို သိထားနှင့်ပြီးသားသူများ ဖြစ်ကြသည်။ ထိုအခါ တဦးတယောက်အတွက် အဆင်ပြေချောမွေ့သော အောင်မြင်မှုများကို တဦးမှ