ဝဋ်လို့ ပြောလိုက်တော့ ပထမဦးဆုံး သွားသတိရမိတာက ဘုရားရှင်ရဲ့ ၀ဋ်ကြွေးတော် ၁၂ ပါး။ ကျွန်တော်တို့ ဘုရားရှင်ဟာ ဒီဝဋ်ကြွေးတွေကို ဘုရားဘ၀မှာ ပေးဆပ်ခဲ့ရတယ်။ ဘယ်လို ဘာကြောင့်လဲ ဆိုတော့ ၁။ ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဘ၀က ငါဆိုလျှင် ခြောက်နှစ်ကျင့်မည်ဟု ပြစ်မှားခဲ့ဖူးသော ၀စီဝိပါက်တော်ကြောင့် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့ရတယ်။ ၂။ ဘ၀တစ်ခုမှာ ပစ္စေကဗုဒ္ဓါကို အကျင့်ယုတ်ဟု ပြောခဲ့ဖူးတဲ့
အချစ်ဖြင့် စီရင်သည်
တနေ့တော့ ဟင်္သာကိုးသောင်းကို အုပ်ချုပ်နေတဲ့ ဟင်္သာဟာ မုဆိုးတစ်ယောက်ရဲ့ ကျော့ကွင်းမှာ မိပါရော။ ဟင်္သာဘုရင်ကြီးတော့ ထောက်ချောက်မိနေပဟေ့ ဆိုပြီး အခြားဟင်္သာတွေကတော့ ပျံပြေးကြတာပေါ့။ မပြေးတာက စစ်သူကြီး ရာထူးရထားတဲ့ ဟင်္သာအမတ်။ ဟင်္သာဘုရင်က အတင်းရုန်းတယ်။ စစ်သူကြီးဟင်္သာက ကလည်း ဘေးနားပျံဝဲနေတာပဲ။ ဒီလိုနဲ့ မုဆိုးရောက်လာရော။ ဟင်္သာစစ်သူကြီးက မုဆိုးကိုပြောတယ်။ “ဟေ့ အသင် မုဆိုး၊ ဟင်္သာဘုရင်ကို ဘာလို့ဖမ်းတာလဲ၊
တရား မရလေရှာ
ကျွန်တော်တို့ ဥပုသ်သီတင်း ဘုရားသွား ကျောင်းသွား တရားနာ၊ တရားဟောမဏ္ဍပ်သွား တရားနာ၊ သို့မဟုတ် ရုပ်မြင်သံကြားမှ တရားနာ၊ အသံသွင်းထားတဲ့ စီဒီစသည်များမှ တစ်ဆင့် တရားနာ ၊ စသဖြင့် စသဖြင့် တရားနာကြတယ်။ တရားနာသော်လည်း အချိန်ကုန်လူပမ်း ဘာမှ အကျိုး မရတဲ့ အဖြစ်တွေ ရှိတယ်။ တရားနာသွားတယ်။ စာအုပ်ဖတ်တယ်။ ဒါပေမယ့် တရားက မရနိုင်ဘူး။
ခင်ပွန်းကြီး ဆယ်ပါး ဆိုရာဝယ်
ဒီ ခင်ပွန်းကြီး (၁၀) ပါး ဆိုတာကို ကျွန်တော် အခဲမကြေတာကြာပေါ့။ ဘာကြောင့် အခဲမကျေသလဲဆိုတော့ လူပြောသူပြောများနေတဲ့ ဒီခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကို ကျွန်တော် ဘယ်ကျမ်းဂန်မှာမှ မတွေ့ဖူးလို့လေ။ ကျွန်တော် ဘာကြောင့် အဲလောက်ညံ့ရသလဲကို ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ဘူး။ ပိဋကတ်စာကြည့်တိုက်တွေရောက်တိုင်း ဟိုရှာဒီရှာ ရှာတယ်။ ခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကိုပေါ့။ ဒါပေမယ့် မတွေ့ပါဘူး။ ဘယ်တွေ့မလဲကွယ်။
ဆည်းဆာရိပ် ဂိလာနဘိုးဘွားစောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့
`မွေးဖွားခြင်းဥည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစ´ ဟူသော လူ့လောကသဘာဝတွင် အို၊ နာ၊ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်သည်။ ထိုရှောင်လွှဲ၍မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ၎င်းတို့၏ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြသော်လည်း ကုသိုလ်ကံမကောင်းသည့် မိအို၊ ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင် အကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာ
ဘာဇေမ
ကျွန်တော်တို့ `စနေနေ့ အောင်တော်မူ ဝေယျာဝစ္စအသင်း´ မှ (၂၆.၆.၂၀၁၀) စနေနေ့ညနေတွင် မိုးရွာနေသဖြင့် နောက်တစ်နေ့ညနေသို့ ပြန်လည်ကာ ချိန်းဆိုပြီး (၂၇. ၆. ၂၀၁၀) တနင်္ဂနွေနေ့ညနေတွင် တစ်ညနေတာမျှ ခေတ္တပြောင်းရွှေ့၍ သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ မိုးရွာသွန်းထားခြင်းကြောင့် သဲများက ပိုများသည်။ တံမျက်စည်းလှည်းပြီးနောက် မနေ့ညက လပြည့်ညဖြစ်သည့်အလျှောက် လူလာများခဲ့ရာ မိုးရွာထဲ၌ ရင်ပြင်တော်တွင် လမ်းလျှောက်ခဲ့ကြသဖြင့် ခြေရာများ
အောင်တော်မူ ဝေယျာဝစ္စ အသင်း
ကျွန်တော်တို့ “မြန်မာသူငယ်ချင်းများနေ့” ၀က်ဆိုက်မှ အဖွဲ့ဝင် လူငယ်မောင်မယ်များက မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၃ လမ်း၊ ၂၈x၂၉ လမ်းကြားရှိ၊ “အောင်တော်မူဘုရားရင်ပြင်တော်” တွင် စနေနေ့ ညနေတိုင်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တံမျက်စည်းလှည်းခြင်းဖြင့် ဝေယျာဝစ္စအသင်းဖွဲ့ကာ သန့်ရှင်းရေး ပြုလုပ်လာခဲ့ရာ ယခု ၂၀၁၀ ခုနှစ်၊ ဇွန်လဆိုလျှင် (၈) လခန့်ရှိခဲ့ပြီဖြစ်သည်။ ၎င်းကာလအတွင်း ၀က်ဆိုက်ထဲမှ