ကိုယ့်အယူမှားနေတာကို မှားမှန်းမသိတဲ့ ပူရဏကဿပရဲ့ ကိုယ့်အယူဝါဒအပေါ် အစွဲအလန်းကြီးစွာ ဖက်တွယ်မှု တဏှာ မာန ဒိဋ္ဌိတွေကြောင့် ဘုရားနဲ့ တန်ခိုးပြိုင်ဖို့ ကြိုးစားရာက အသေဆိုးနဲ့ သေသွားခဲ့ပြီးနောက်မှာ ဘုရားရှင် တန်ခိုးပြဖို့ နေရာအတွက် ခေါင်းခဲရသူက သိကြားမင်း။ လာတဲ့ ပရိသတ်ရယ် ဘုရားတပည့်တွေရယ်အတွက် မဏ္ဍပ်အကျယ်ကြီး ပြုလုပ်ပေးဖို့က သူ့တာဝန်ဖြစ်လာပြီလေ။ ဒီတော့ ၀ိသကြုံကို ခေါ်ရတယ်။ ၀ိသကြုံက (၇၂)
ဒုစရိုက် ဆယ်ပါး
ကျွန်တော် ဒုစရိုက်ဆယ်ပါးကို ရေးဖို့ အကြောင်းမရှိပါဘူး။ ဒုစရိုက်ဆယ်ပါးကို လူတိုင်းသိကြတယ်လေ။ ဒါနဲ့ ဒုစရိုက်ဆယ်ပါးထဲက သိပ်သံသယမရှင်းကြတဲ့ မိစ္ဆာဒိဋ္ဌိကိုပဲ ရေးလိုက်တယ်။ ရေးရင်းမုသာဝါဒကို ရေးချင်လာတာနဲ့ “မုသား” ဆိုပြီး ကဗျာတွေနဲ့ ရေးခဲ့တယ်။ ဒီပိုစ့်တွေ ရေးရတာကလည်း ကျွန်တော့်တို့ Myanmar Friends Day မှာ ကိုကိုမောင်ဆိုတဲ့ အဖွဲ့ဝင်တစ်ဦးက “ဒုစရိုက်ဆယ်ပါး အကြောင်း ဆွေးနွေးကြရအောင်” ဆိုပြီး
ဝစီဘေဒ ထိတိုင်းရှ
ကျွန်တော် ကာယကံရေးပြီဖြစ်တဲ့အတွက် မကင်းရာ မကင်းကြောင်း ၀စီကံကို ဆက်ရေးသွားပါမယ်။ ၀စီကံ လေးပါးရှိတယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်တယ်။ အဲဒီထဲက မုသာဝါဒကံကို ကျွန်တော်က “မုသား” ဆိုပြီး ပိုစ့်တင်ပြီးသားလည်း ဖြစ်တဲ့အတွက့် ကျန်တဲ့ ဖရုသ၊ ပိသုဏနဲ့ သမ္ဖပ္ပလာပသုံးခုကို ရှင်းပြသွားပါမယ်။ သိပ်ရှင်း စရာတော့ မရှိပါဘူး။ ဖရုသ – ကြမ်းတမ်းခြင်း၊ ၀ါစာ –
ကထိန်
ကထိန်ခေတ်နဲ့ နီးလာတာရယ်။ တစ်စုံတစ်ယောက်က မေးထားတာကြောင့်ရယ် ကထိန်နဲ့ ပတ်သက်သမျှကို post လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကထိန်ခေတ်။ ကထိန်ကာလကို “ခေတ်” ဆိုတဲ့ စကားလုံးနဲ့ ကြီးကြီးကျယ်ကျယ် သုံးကြတယ်။ ကာလလေး တစ်ခုကို ခေတ်အဖြစ် ပြောဆို သုံးနှုန်းလိုက်ရအောင်လည်း ကထိန် ရဲ့ အစွမ်းက မြင့်မားတယ်။ ဘယ်လိုမြင့်မားတာလဲဆိုတော့ ဆရာတော်ကြီးများမိန့်ကြားကြတာက ကထိန်ဆိုတာ “ကားဖရိုင်” ပါတဲ့။
သြကာသအကျဉ်း နောက်ဆက်တွဲ
မေးလာသမျှကို ဒီကနေပဲ စုပြီး ဖြေပေးလိုက်ပါတယ်။ “သြကာသ” ရဲ့ အဓိပ္ပါယ်က “ရှိခိုးခွင့်ပြုပါ” လို့ တောင်းပန်ခြင်း ဖြစ်ပါတယ်။ ဘာလို့ တောင်းပန်ရသလဲဆိုတော့ တောင်းပန်ရခြင်းဟာ မာနကို ကျိုးစေပါတယ်။ ဒီတော့ သြကာသလို့ သုံးကြိမ်ဆိုလိုက်ခြင်းဖြင့် ကိုယ့်မာနကို ကိုယ်ပြန်ချိုးလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက အရှိခိုးခံတဲ့ ပုဂ္ဂိုလ်ကို ရိုသေတဲ့သဘောဖြစ်ပါတယ်။ ရန်သူမျိုး ငါးပါးထဲက အမွေခံသားဆိုးသမီးဆိုး လား၊
သြကာသ အဖွင့်အကျဉ်း
ဘုရားရှိခိုးတဲ့အခါ ကျွန်တော်တို့ ရွတ်ကြတဲ့ “ဤသို့ရှိခိုးရသော အကျိုးအားကြောင့်” အကျိုးထဲက အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အဓိပ္ပါယ်လေးကို အကျဉ်းလေး တင်ပြပါရစေ။ အပါယ်လေးပါးဆိုတာ ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် တို့ဖြစ်ပါတယ်။ ကပ်သုံးပါး ဆိုတာ ၁။ ရောဂန္တရကပ် – ရောဂါဆိုးတို့ အထူးသဖြင့် နှိပ်စက်အပ်သော ကပ်ဘေးဆိုးကြီး
နတ်လင် နတ်မယား
အခါတစ်ပါးမှာ ဘုရားရှင်က လင်မယားနှစ်ယောက်ကို အကြောင်းပြုပြီး ဒီတရားကို ဟောပါတယ်။ “ရဟန်းတို့။ လင်မယား လေးမျိုးရှိတယ်။ အဲဒါကတော့ ၁။ တရိစ္ဆာန်လင် တိရစ္ဆာန်မယား ၂။ တိရစ္ဆာန်လင် နတ်မယား ၃။ နတ်လင် တိရစ္ဆာန်မယား ၄။ နတ်လင် နတ်မယား ပဲဖြစ်ပါတယ်။ အဲဒီအခါ ရဟန်းတော်တွေက အကျဉ်းအားဖြင့် တပည့်တော်တို့ သိရပါပြီဘုရား အကျယ်အားဖြင့်ကိုလည်း ဘုရားရှင်မှ