ဒီ တံမျက်စည်းလှည်းရကျိုးကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ဘူး။ အောင်တော်မူဘုရားမှာ လာကြတဲ့ အဖွဲ့ဝင်တချို့ကိုတော့ လက်ကမ်းစာစောင် ဝေဖူးတယ်။ အခု အဲဒီလက်ကမ်းစာစောင်ထဲကအတိုင်း အပိုအလိုမရှိ ကွက်တိ ပြန်ရေးတင်ပါ့မယ်။ လက်ကမ်းစာစောင်ရဲ့ အကို ကြည့်လိုက်တာနဲ့ ဒီလိုလေး တွေ့ရပါလိမ့်မယ်။ “အထူးမှာကြားချက်” “ရင်ပြင်တော် တံမျက်စည်းလှည်းနေချိန်တွင် ‘အရဟံ သမ္မာသမ္ဗုဒ္ဓေါ’ စသည့် ဘုရားရှင်၏ ဂုဏ်တော်ကို ထပ်ခါထပ်ခါ ပွားများခြင်းဖြင့်
ထူးခြားခြင်းများစွာနှင့် (၄) ကြိမ်မြောက် အောင်မြင်မှုမှတ်တမ်း
ယခုနှစ် ၁၃၇၂ – ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ (24.10.2010) တနင်္ဂနွေနေ့တွင် ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်မှ ရန်ကုန်နှင့်မန္တလေး ပူးတွဲ အလှူပြုလုပ်ခဲ့သည်။ ရန်ကုန်တွင် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာသို့ အသုံးအဆောင် ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခြင်း ဖြစ်ပြီး မန္တလေးတွင် ဘုရားရှင်၏ လမ်းညွန်ပြသခဲ့သော နည်းလမ်းများနဲ့အညီ ဆွေတော်မျိုးတော်အတွက် ကျေးဇူးဆပ် ရေစက်ချ
ပဋိသန္ဓေရှင်းတမ်း (၂)
အခြားအခြားသော နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စတဲ့ သတ္တဝါတွေကို အသာထားလိုက်။ ကျွန်တော်တို့က လူဆိုတော့ လူပဋိသန္ဓေဆီမှာ သွားကြစို့လား။ မိဘနှစ်ပါး သံဝါသပြုခြင်း စတဲ့ အကြောင်းသုံးချက် ပြည့်စုံပြီးနောက် ကာယဒသကကလာပ်စည်း၊ ဘာဝဒသကကလာပ်စည်း၊ ဝတ္ထုဒသကကလာပ်စည်း ဆိုတဲ့ ရုပ်ပေါင်း သုံးဆယ် ပေါင်းစည်းထားတဲ့ ကလလရေကြည်လေးဟာ ပဋိသန္ဓေစိတ်နဲ့ အပြိုင် ကံဆိုတဲ့ အကြောင်းကြောင့် စတင် ဖြစ်တည်ပါတော့တယ်။ ကံဆိုတဲ့
ပဋိသန္ဓေရှင်းတမ်း (၁)
လူထုနဲ့ တူတဲ့ အဝိဇ္ဇာဆိုတဲ့ အခြံအရံတွေကြောင့် ပြည်ပမီဒီယာနဲ့ တူတဲ့ တဏှာရဲ့ တွန်းအားကြောင့် မဖြစ်မနေ လုပ်ပေးလိုက်ရတဲ့ ရွေးကောက်ပွဲနဲ့ တူတဲ့ ကံကြောင့် ကျွန်တော်တို့ဟာ အကြိမ်ကြိမ် အဖန်ဖန် လူ၊ နတ်၊ တိရစ္ဆာန် ဖြစ်နေခဲ့ကြရပါတယ်။ ဘယ်အချိန်ကတည်းက စဖြစ်နေသလဲဆိုတော့ ဟိုးအစမထင် သံသရာကတည်းက ဖြစ်နေခဲ့တာ။ ဒီ အဝိဇ္ဇာရဲ့ ဖိအား၊ တဏှာရဲ့ တွန်းအား၊
သီလရှင်းတမ်း (၉)
သီလပျက်ရင် ဘယ်လို၊ သီလမှာ ဘာဂုဏ်ရှိဆိုတာကို သိပြီးနောက် သီလရဲ့ တရားကိုယ်ကို ပြောပြပါ့မယ်။ “သီလရဲ့ တရားကိုယ်” ဆိုတာ သီလထဲ ပါဝင်တဲ့ အကြောင်းအရာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ အရာဝတ္ထုတိုင်းမှာ တစ်ခုခု ပါဝင်သလို သီလထဲမှာလည်း တစ်ခုခု ပါဝင်ပါတယ်။ ဥပမာ ကွန်ပျူတာလို့ ပြောလိုက်တဲ့အထဲမှာ မော်နီတာ၊ စစ်စတမ်ပုံးကြီး၊ ကီးဘုတ်၊ မောက်စ်
သီလရှင်းတမ်း (၈)
ကြီးမားထင်ရှားတဲ့ အရာဝတ္ထုတွေမှာ ဖြစ်ဖြစ် အလွန့်အလွန် သေးငယ်ပြီး မြင်နိုင်ဖို့ခက်တဲ့ အရာဝတ္ထုတွေမှာဖြစ်ဖြစ် ဘယ်အရာဝတ္ထုတွေမှာ မဆို သူ့စွမ်းအင်နဲ့ သူရှိကြသလိုပါပဲ သီလမှာလည်း သူ့စွမ်းအင်နဲ့ သူရှိပါတယ်။ ထိတွေ့ကိုင်တွယ် မြင်နိုင်တဲ့ အရာဝတ္ထုမှာရှိတဲ့ စွမ်းအင်တွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ရှိနိုင်ပေမယ့် သီလမှာတော့ သူ့စွမ်းအင်ဟာ အပြည့်အဝ အကျိုးရရှိပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး။ ဒီတော့ ကာမဘုံသားတွေကျင့်ကြံလို့ ကာမာဝစရကုသိုလ်သီလလို့ခေါ်တဲ့ တစ်ပါးသီလ၊
သီလရှင်းတမ်း (၇)
ဟုတ်ပြီ။ ကျွန်တော်တို့ သီလကို အကြောင်းကြောင်းတွေကြောင့် လုံအောင် မထိန်းနိုင်ခဲ့ကြဘူး။ သီလ ကျိုးတယ်၊ ပေါက်တယ်။ ပြောက်တယ်။ ကျားတယ်ပေါ့ဗျာ။ အဲလို သီလကျိုးပျက်နေတာကို ဘယ်လိုအခြင်းအရာတွေနဲ့ သိနိုင်လဲ။ ချကြည့်ရအောင်။ စာဖတ်နေသူလည်း ဆင်ခြင်ကြည့်ပေါ့။ စည်းစိမ်ဥစ္စာ ဆုတ်ယုတ်လာတယ်။ မကောင်းသတင်းတွေ ကျော်စောတယ်။ ပရိသတ်အလယ် မျက်နှာညိုးတယ်။ ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ တွေတွေဝေဝေနေထိုင်ပြီး သေရတယ်။ သေပြီးရင် အပါယ်လားရတယ်။