စဉ်၊ …. အမည်————————နေရပ်—————————————– အလှူငွေ ၀၀၁။ ……မနှင်းထက်ဝေအောင် ——-နန်းရှေ့(၁၉လမ်း၊ ၅၇×၅၈ကြား)————— ၃၀၀၀ ၀၀၂။ ……ဦးမျိုးချစ် ——————– ၁၆လမ်း၊ ၆၅×၆၆ ကြား————————- ၃၀၀၀ ၀၀၃။ …..မခင်ဝါအေးကျော်———– နေပြည်တော်ခရေအိမ်ယာ၊ တိုက်(၁၃၇/၁၃)– ၂၀၀၀ ၀၀၄။ …..မဝါဝါစိုး———————- တိုက်(၃/၁၁) ဆ.လ.ရ ဝင်း———————- ၁၀၀၀ ၀၀၅။ …..ဦးစိုးမြင့်+ဒေါ်လဲ့လဲ့အောင်——– ၇၁လမ်း၊
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၅)
အရှင်သာရိပုတ္တရာရှိတဲ့ နေရာမှန်သမျှ အမြဲတမ်းအမှိုက်ရှင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင်သာရိပုတ္တရာက သင်္ကန်းရုံဖို့ ရပ်နေရင်လည်း အမှိုက်ကို ခြေထောက်နဲ့ ဖယ်ရှင်းတယ်။ လမ်းသွားရင်းနဲ့လည်း အမှိုက်ကို ကောက်တတ်တယ်။ အကြောင်းညီညွတ်တိုင်း တံမျက်စည်းလှည်းတယ်။ အဲဒါကြောင့်ပါပဲ။ အရှင်သာရိပုတ္တရာက ဘာလို့ တံမျက်စည်းလှည်းဝါသနာ၊ အမှိုက်ရှင်းတဲ့ ဝါသနာပါလာလဲဆိုတော့ တစ်ခါကပေါ့။ ဟိမဝန္တာတောတနေရာ ဂူတစ်လုံးထဲကို အရှင်သာရိပုတ္တရာကြွပြီး ဂူထဲ ဖလသမာပတ်ဝင်စားနေတော်မူတယ်။ ဖလသမာပတ်ဝင်စားနေတော့ ဂူရှေ့မှာ တံမျက်စည်းမလှည်းမိဘူး။
အနာဂတ်ကို ကယ်တင်မည့် လှူဒါန်းပွဲသို့ ထည့်ဝင်လှူဒါန်းကြစို့
ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်အဖွဲ့ဝင်များမှ တက်ကြွစွာ အလှူရေစက် လက်နဲ့မကွာ ပြုလုပ်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးကြိမ်မြောက် ရောက်လာပြီ ဖြစ်သည်။ ယခုတစ်ကြိမ်လှူဒါန်းခြင်း ပြုလုပ်မည့် အစီအစဉ်မှာ နဂိုရ် မြန်မာသူငယ်ချင်းများနေ့ကို မြန်မာသူငယ်ချင်းများကြား အမှတ်ထင်ထင် ကျန်ရှိရေး၊ မြန်မာတို့တွင် မြန်မာ့သူငယ်ချင်းများနေ့ ရှိလေသည် ဟူသောအရေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တည်ထောင်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့အစည်း၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်သည့်အဖွဲ့အစည်းများနှင့်
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၄)
တစ်ခါတော့ ရဟန်းတစ်ပါး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်နေတာကို ဘုရားရှင်က တွေ့သွားပါတယ်။ ဘုရားရှင်က အဲဒီ ရဟန်းဆီကို သွားပြီး “ငါ့ရှင် ရောဂါက ဘာရောဂါလဲ” လို့မေးတယ်။ “ဝမ်းပျက် ဝမ်းလျောပါဘုရား” “ငါ့ရှင်ကို ဘယ်သူ့မှ မပြုစုဘူးလား” “မပြုစုပါဘုရား” “ဘာကြောင့် ငါ့ရှင်ကို ဘယ်သူမှ မလုပ်ကျွေးကြတာလဲ” “တပည့်တော်ကိုယ်တိုင်က ဘယ်သူ့ကိုမှ မလုပ်ကျွေးဖူးဘူး ဘုရား” ဆိုတော့ ဘုရားရှင်နောက် အမြဲ
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၃)
ဘုရားရှင် ဆယ်ဝါမြောက်ဝါကို ပလလဲတောထဲမှာ ဘာကြောင့် ဝါဆိုတယ်ဆိုတာ အားလုံးသိပြီးသားပဲ ထားလိုက်ပါတော့။ အဲဒီအချိန်မှာ ပါလိလေယျကဆင်ကြီးဟာ သူ့ဆင်အုပ်နဲ့ နေရတာကို ညဉ်းငွေ့လာပြီး တစ်ကောင်တည်း ထွက်လာခဲ့တယ်။ သူ့စိတ်တွေ အရမ်းပူလောင်နေချိန် တစ်နေရာအရောက် အင်ကြင်းပင်ရင်းမှာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ကိုလည်းတွေ့ရော ရေအိုးပေါင်းတစ်ထောင်နဲ့ အလောင်းခံလိုက်ရသလို အေးချမ်းသွားတယ်။ ဘုရားရှင်နေဖို့ ဘဒ္ဒသာလအင်ကြင်းပင်ကြီး အောက်မှာ သစ်ခက်နဲ့ အမှိုက်ရှင်းတယ်။ သောက်ရေရဖို့ လုပ်တယ်။
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၂)
ဒီကမ္ဘာကနေ ပြန်ပြီး တွက်လိုက်လို့ ရှိရင် ဟိုး ၉၂ ကမ္ဘာမြောက်မှာပေါ့။ Before 92 World ဆိုပါတော့ဗျာ။ အဲဒီ ကမ္ဘာမှာ ဖုဿဆိုတဲ့ ဘုရားရှင် ပွင့်တော်မူခဲ့တယ်။ အဲဒီ ဘုရားရှင်မှာ ဝမ်းကွဲ ညီသုံးယောက်ရှိတယ်။ ဘုရားရှင်ရဲ့ ခမည်းတော်က ဘုရင်ကြီး မဟိန္ဒဖြစ်ပါတယ်။ ဘုရင်ကြီးမဟိန္ဒက ဘုရားရှင်ကို အရမ်းချစ်မြတ်နိုးလွန်းလို့ ဘုရားရှင်ရဲ့ ဝေယျာဝစ္စကို ဘယ်သူ့ကိုမှ
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၁)
တံမျက်စည်းလှည်းရခြင်းအကျိုးကို သိရပြီးနောက်ပိုင်း ဝေယျာဝစ္စပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များအကြောင်း အနည်းငယ် ရေးပြချင်ပါတယ်။ ဝေယျာဝစ္စလို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး သတိရကြမှာက ဘုရားရှင်ကို ၂၅ နှစ်တိုင်တိုင် သူမတူအောင် ပြုစုလုပ်ကျွေးတော်မူခဲ့တဲ့ အရှင်အာနန္ဒာကို သတိရကြမှာ မလွဲပါဘူး။ ဟုတ်ပါတယ်။ သတိရစရာ အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ အားရကြည်ညိုစရာလည်းကောင်းပါတယ်။ “အာနန္ဒာ” လို့ အသံပြုလိုက်တာနဲ့ တပြိုင်နက် အနားကို ရောက်လာပြီး