ပိုစ့်က ရေးရင်း ရေးရင်း ဘယ်ရောက်သွားမှန်း မသိဘူး။ ကိုယ်လှူတဲ့ အလှူက အဆိပ်ပင်ရေလောင်းသလို ဖြစ်တယ်၊ ဒီတော့ ကိုယ်လှူလို့ အကျိုးမရတဲ့ အပြင် သာသနာဖျက်ဖြစ်ရတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ ဒီထဲက လှူတာက ဘယ်လိုလှူလှူပါ။ သဒ္ဓါနဲ့ ပညာညှိနိုင်ရင် ပြီးပါပြီ။ မညှိနိုင်သူများအတွက် ပြောပြရရင် သာသနာဖျက်ဆိုတာ ဘယ်လိုလဲဆိုတော့ ဓမ္မဝိနယကို တကယ်မတတ်ဘဲနဲ့ ဟိုရဟန်းကို ဒီအမှုကြောင့်
လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၂)
သူ့ကမ္မဝါနဲ့ ဖတ်မယ်၊ ငါ့ကမ္မဝါနဲ့ ဖတ်မယ်လို့ ငြင်းခုန်ကြရာကနေ စကားလုံးတွေက ဘာဖြစ်လာသလဲဆိုတော့ ဟိုကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး။ ဒီကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး ဆိုပြီးတော့ “မြန်မာနိုင်ငံမှာ ရဟန်းတကယ် ဖြစ်တဲ့ ရဟန်းတစ်ပါးမှ မရှိဘူး” အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။ လူတွေရဲ့စိတ်တွေကလည်း တခါခါ ရယ်ရသား။ အဲဒီစကားကို ထောက်ပြီးတော့ အချို့အချို့ပုဂ္ဂိုလ်များဟာ “ငါ့ကို ကမ္မဝါဖတ်သူက ဘယ်သူ
လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၁)
မြန်မာဗုဒ္ဓဘာလူမျိုး တော်တော်မျာလှူတာ ဒါန်းတာတွေနဲ့ ပတ်သက်ရင် အစကနဦးက ကြည်ညိုမှုဆိုတာလေး တွဲပါလေ့ရှိအတွက် အလှူအဒါန်းအကြောင်း ရေးရာမှာ “ကြည်ညိုမှု”အကြောင်းလေး ကျွဲကူးရေပါ ဖြစ်လာမှာကြောင့်မို့ ခေါင်းစဉ်ကို “လှူကြ ဒါန်းကြ”ရဲ့ နောက်မှာ “ကြည်ညိုကြ” ဆိုတာလေးကို ထည့်ပေးလိုက်ပါတယ်။ အလှူဒါန ပြုလုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုလှူပါ၊ ဘယ်ပုဂ္ဂိုလ်ကိုလှူပါ စသဖြင့် စသဖြင့် Online ပေါ်မှာ တော်တော်လေး ရေးကြပြီးသားဖြစ်သလို
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၁၀)
ဝေယျာဝစ္စပြုလုပ်ခဲ့သူများအကြောင်းကို ဗုဒ္ဓစာပေအတ္ထုပ္ပတ္တတွေထဲကနေ ထုတ်နှုတ်နေရာကနေ ဒီတစ်ခါတော့ သံဃာ့သမိုင်းထဲက အားလုံးသိပြီးဖြစ်တဲ့ လယ်တီဆရာတော်ရဲ့ ဝေယျာဝစ္စပြုလုပ်တော်မူပုံကိုပဲ အနည်းငယ် ရေးပြပါတော့မယ်။ ဆရာတော်ရဲ့ ဘဝဖြစ်တော်စဉ်စာအုပ်ကလည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေနေတာမို့ ဒီအကြောင်းက အားလုံး သိပြီးသားဖြစ်လောက်ပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံအတွင်း ဝိပဿနာများ တစ်ဖန် ပြန်လည် တိုးတက်လာအောင် နည်းကောင်းတွေ ညွှန်ပြနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးလည်း ဖြစ်ပါတယ်။ ဒီပနီကျမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့တဲ့
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၉)
ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမ္ဗီကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ်
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၈)
ဒီအဖြစ်အပျက်က ဝေယျာဝစ္စပြုလုပ်ဖို့ တိုက်တွန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ဓမ္မပဒထဲမှာ တံမျက်စည်းလှည်းတာနဲ့ ပတ်သက်ပြီးလိုက်ရှာရင်းက တွေ့တဲ့ ဝတ္ထုပါ။ တစ်နေ့ ဓမ္မပဒအဋ္ဌကထာစာအုပ်ကြီးကို လှန်တော့ သမ္မဇ္ဇနထေရဝတ္ထုဆိုပြီး တွေ့တယ်။ ပါဠိလို ဖြစ်နေတယ်။ ဘာသာပြန်ကြည့်တော့ ပါဠိလို စာသိပ်မဖတ်တာ ကြာလို့လား မသိပါဘူး။ ကောင်းကောင်းနားမလည်ဘူး။ ဒါနဲ့ ကိုရင်တစ်ပါးခေါ်ပြီး လာဦး။ ဒါလေး ဘာသာပြန်ပေးဦးလို့ပြောလိုက်တယ်။ ကိုရင်က ဘာဝတ္ထုတုန်းမေးပြီးတော့ ဒီဝတ္ထုလို့
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၇)
ဒါကတော့ ကျွန်တော်တို့ ဘုရားရှင် ကောသလတိုင်း၊ သေတဗျမြို့၊ ယင်းတိုက်တောမှာ သီတင်းသုံးနေတော်မူတဲ့အချိန် အကြောင်းအရာ တစ်ခုကို ဥပမာ၊ ဥပမေယျပေါင်းစုံနဲ့ ဟောကြားတတ်တဲ့ ရဟန်းတစ်ပါးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းပါ။ အဲဒီ ယင်းတိုက်တောနဲ့ မလှမ်းမကမ်းမှာ ပါယာသိရွာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အဲဒီ ရွာမှာနေတဲ့ ရွာစားကတော့ဖြင့် အယူတစ်မျိုးကို ယူထားတဲ့သူဖြစ်ပါတယ်။ သူ့အယူကတော့ဖြင့် အဲဒီခေတ်က ဘုရားရှင်