ကိုယ့်ဘာသာကိုယ် Facebook ပေါ်မှာ status တစ်ခု တင်လိုက်တယ်။ ဘယ်သူများ အော်လီဂါခီ အကြောင်း ရေးမလဲလို့ စောင့်ကြည့်နေတာ။ ဘယ်သူမှလည်း မရေးပါလား ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း အသိကြီး မဟုတ်ပါဘူး။ အသိကြီးဆိုတာထက် သိပ်လည်း မသိပါဘူး။ ထင်တာလောက်ပဲ ဖြစ်နေတယ်။ အွန်လိုင်းပေါ်မှာ ရှာကြည့်တော့ စာရေးဆရာကိုတာ ရေးထားပြီးသားကို သွားတွေ့တယ်။ ခုကလည်း စာရေးဆရာကိုတာရဲ့ ဟောပြောချက်တချို့ကနေ
မိကောင်း ဖခင် သားသမီး
မပြောမဖြစ် ပြောချင်နေသည့် အကြောင်းအရာက သူများ မကောင်းကြောင်း ဖြစ်သည်။ မပြောရ မနေနိုင်ပါ။ ပြောရမှ စိတ်ချမ်းသာမည်။ ပြောလိုက်မှလည်း ရင်ထဲ ပေါ့သွားမည်။ ထိုထက် သူတပါးကို ကောင်းစေချင်၍ ဖြစ်သည်။ မိမိကပဲ အမုန်းခံ၍ ပြောရပါတော့မည်။ “နင်နဲ့ တွဲနေတဲ့ ကောင်မလေးက ဟိုဟာလေ ဘယ်လိုပြောရမလဲ၊ အကြီးစားထဲကတဲ့နော်၊ ငါတို့က သေချာသိလို့ ပြောပြတာ၊ တော်ကြာ
အရှိတရား၏ မရှိသောတရားများ
“ဆေးရုံတက်ရမယ်” လို့ ရန်ကုန်ဆေးရုံကြီးထဲက နှလုံးအထူးကြတ်မတ်ဆောင် ပရော်ဖက်ဆာကြီးဖြစ်တဲ့ ဒေါ်နွယ်နွယ်က နီနီဓာတ်ခွဲခန်းကနေ ၂၀၁၅ ခုနှစ် မေ ၃၁ ရက်မှာ ပြောခဲ့တယ်။ မွေးရာပါ သွေးလွှတ်ခန်းနှင့် သွေးသန့်ခန်းနံရံမှာ အပေါက်ကလေးပါတယ်။ အဲဒီအပေါက်မှာ ပိုးဝင်နေတယ်။ အဲဒီပိုးက အဆို့ရှင်ကိုပါ ကူးနေတယ်။ ဆက်ပြီးတော့ အဆုပ်ကိုလည်း ကူးဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ကုဖို့ ပိုခက်သွားလိမ့်မယ်လို့ ပြောပါတယ်။ နယ်ဆေးရုံကို
Hate Speech ဒီမိုကရေစီ
ကျွန်တော်တို့ နေတဲ့နေရာဆီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် လာပြီး ပြည်သူ့လွှတ်တော်အတွင်း သူလုပ်ခဲ့တဲ့ အလုပ်တွေအကြောင်း လာမိတ်ဆက်တယ်။ နောက်တနည်းပြောရရင်တော့ လာပြီးမဲဆွယ်သပေါ့။ သူပြောချင်ရင် ပြောပြီးတော့ အမေးအဖြေကဏ္ဍလုပ်တယ်။ အမေးအဖြေမှာ တယောက်က ဘာလို့ ဗမာကို တိုင်းရင်းသားလို့ မသတ်မှတ်တာလဲ ဆိုပြီး မေးတယ်။ သူ့အဖြေကတော့ ခုတလော ဂျာနယ်တွေမှာ ပြောပြောနေတဲ့ hate speech ပါပဲ။ အဲအဖြေကြောင့်
မလှပသော စကားပုံများ
ဝေဖန်ပိုင်းခြား စဉ်းစား၍ စာရေးခြင်း ဖတ်ခြင်း ခေါ် RWCT စာသင်နည်းတွေကို ပြောဆို စည်းဝေးရာမှာ ဆရာတော်ကြီးတစ်ပါးက ထပြောတယ်။ မင်းတို့ ခုလို စာသင်နည်းကို သင်ကြားပေးရာမှာ မင်းတို့ စဉ်းစားပြီး သင်ပေးကြပေ့ါလို့ သြဝါဒပေးတော်မူတယ်။ ကိုယ်က ဘယ်နေရာမှာ မဆို ခေါင်းညိတ်တာ ဝါသနာပါတဲ့သူ။ ထငြင်းရမှာ ဝန်လေးတဲ့သူ။ ဆိုတော့ ခေါင်းညိတ်လိုက်တယ်။ ဒီလပိုင်း ၁
Youth Empowerment Training
နောင်တောင်းတွင် ကျောင်းပိတ်သည့် ကာလဖြစ်သည့် နွေရာသီ၌ ယဉ်ကျေးလိမ္မာသင်တန်းအမည်ဖြင့် သင်တန်းစတင် ဖွင့်လှစ်ခဲ့စဉ်က ပထမအကြိမ်တွင် သင်တန်းသား/သူပေါင်း (၃၅၀) ခန့်တက်ရောက်ခဲ့သည်။ နောက်နှစ်များတွင် သင်ကြားသည့် ဘာသာရပ်များနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းဟု အမည်ပေးကာ နှစ်နှစ်ဆက်တိုက် ပြုလုပ်ခဲ့သည်။ ထိုနှစ်များတွင် ပထမနှစ်၌ သင်တန်းသား/သူပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ပြီး နောက်နှစ်တွင် သင်တန်းသား/သူပေါင်း (၁၁၀၀)
စိတ်ပြေလက်ပျောက်
ပြောချင်တာတွေ လျှောက်ပြောမှ ဖြစ်ပါတယ်။ ကျနော့် ဘလော့ ခေါင်းစီးလို Metanarrative တစ်ခုပဲ ဖြစ်သွားမှာပါ။ ဘယ်သူမှ မဖတ်ဘူးဆိုတော့ ဒါမျိုးတွေ လွတ်လွတ်လပ်လပ်နဲ့ ရေးအား ရှိတာပေါ့ဗျာ။ မဟုတ်ဘူးလား။ ဒီလိုပါ။ ဒီနှစ် ဂျူလိုင်လ (၆) ရက်နေ့ကတည်းက စခဲ့တဲ့ သင်တန်းတစ်ခုဟာ လာမယ့် (၂၅) ရက်မှာ ပြီးမှာ ဖြစ်ပါတယ်။ ကိုယ် ခေါင်းဆောင်