တနေ့တော့ တရားတစ်ပုဒ် နာလိုက်ရတယ်။ လူ့ဘဝဆိုတာ ကားလက်မှတ်ဖြတ်ပြီး ကားတက်စီးတာလေးလောက်ပါပဲ။ ကားပေါ်မှာတော့ ကပ်ရက်ခုံက လူနဲ့တွေ့ရမယ်။ ကားပေါ်ပါတဲ့ လူတွေနဲ့ တွေ့ရမယ်။ ဒရိုင်ဘာ စပယ်ယာနဲ့တွေ့ရမယ်။ ဒါပါပဲ…တဲ့။ ကျွန်တော်နဲ့ ကပ်ရက်ခုံမှာ ထိုင်ဖြစ်ခဲ့တဲ့ သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်တယ်။ ပန့်ပုန်းရွာ။ ကျောင်းထိုင် ဘုန်းကြီးက စကြည့်ရအောင်။ ကျွန်တော် သိမီလိုက်တဲ့ ဆရာတော်က ဦးကောသလ္လ။ ကရင်ပြည်က။ ပအိုဝ်း
မအောင်မြင်သူရဲ့ မှတ်စုများ (၂)
ဆက်ဖတ်ကြည့်မယ်ဆိုရင်တော့ မှားမှာပဲ။ ငါ့မှတ်စု တခုလုံး အဆိုအမိန့်လိုလို ဆုံးမစာလိုလိုတွေနဲ့ ပြည့်နေတာ။ အကြီးအကျယ် အောင်မြင်ထမြောက်သွားခြင်းရဲ့ အစမှာလည်း စိတ်ကူးဉာဏ်၊ စိတ်ကူးဉာဏ်ရဲ့ သတ္တိ၊ စိတ်ကူးဉာဏ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ချက် ချခြင်းမျှသာ ဖြစ်တယ်တဲ့။ အကြီးအကျယ် အောင်မြင်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ မသိဖူးတော့ စိတ်ကူးဉာဏ် ဆိုတာ ငါ့မှာ မရှိတာ သေချာသွားလေလေ့။ စိတ်ကို ဖွင့်ထားပြီး တစ်စုံတစ်ရာကို
သာသနာကွယ်ကြောင်း
တွေးကြည့်မယ်ဆိုရင် ရင်လေးစရာပဲ။ ခုလက်ရှိ ထိုင်နေတဲ့ကျောင်းကို ၂၀၊ ၃၊ ၂၀၁၅ သောကြာနေ့မှာ မြို့နယ်သံဃနာယက အတွင်းရေးမှူးဆရာတော် ဦးဂုဏဝံသာလင်္ကာရ (စူဠာမုနိပရိယတ္တိစာသင်တိုက်၊ တောင်ကြီးမြို့)၊ ပအိုဝ်းပိဋကတ် ဘာသာပြန်ဆရာတော် ဦးစန္ဒာဝရနှင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာ၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒသိရီတို့က ဝိုင်းအပ်လို့ ရက္ခိတဂေါပိတ အဖြစ် သို့မဟုတ် ကျောင်းထိုင်အဖြစ်နဲ့ တောင်ကြီးမြို့၊ ပအိုဝ်းလို
မအောင်မြင်သူရဲ့ မှတ်စုများ (၁)
တနေ့သားတော့ ကျွန်တော့်ကို လူတယောက်က “နာမည်အရင်း ဘယ်လိုခေါ်လဲ” လို့မေးတယ်။ အဲဒါနဲ့ ပြောပြလိုက်တော့ အင်္ဂလိပ်လို ဘယ်လိုပေါင်းလဲလို့ ထပ်မေးပြန်တယ်။ အင်္ဂလိပ်လိုပါ ဆက်ပေါင်းပြလိုက်တော့ သူက စာအုပ်တစ်အုပ်ထုတ်ပြတယ်။ ဒါ ကျွန်တော့်စာအုပ်လား ဆိုပြီးတော့။ ကျွန်တော်က ချက်ချင်းပဲ ဟုတ်တယ်လို့ ဖြေလိုက်တယ်။ ၂၀၀၃ က တစ်နှစ်စာ ဒိုင်ယာရီ စာအုပ်လေး။ ဟိုးအရင် နှစ်တွေတုန်းက ဒိုင်ယာရီရေးတဲ့
အဖေ
ကျွန်တော်တို့ မောင်နှမ ရှစ်ယောက်လုံးက သူ့ကို အဘလို့ ခေါ်ခဲ့ကြတယ်။ ဒီအသုံးအနှုန်းက ကျွန်တော်တို့ ရွာရဲ့ အသုံးအနှုန်းပါ။ ဒါပေမယ့် အဖေ့ရဲ့ တကယ့်လူမျိုးဖြစ်တဲ့ ဓနုလူမျိုးရဲ့ အခေါ်အဝေါ်လည်း ဖြစ်နေပြန်ပါတယ်။ ဒါကို အဖေကျနပ်မှာပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အဖေကို အားလုံးက ပအိုဝ်းလူမျိုးလို့ ထင်ခဲ့ကြတယ်။ အဖေ့ရဲ့ လူမျိုးအစစ်က ဓနုလူမျိုးပါ။ ပင်းတယမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်းရှိ ငုတ်ရွာမှာ အဖေ့ကို
သံဃံ သရဏံ ဂစ္ဆာမိ
ကျောင်းဆရာ တစ်ယောက် ရောက်လာတော့ ပညာရေးနှင့် ပတ်သက်ပြီး ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်တယ်။ “ပညာရေး အခြေအနေက ကောင်းတော့မလိုလိုနဲ့ ဆွေးနွေးနေကြရင်း ပျောက်သွားတယ်နော်” ဆိုတဲ့ မှတ်ချက်လေး ထွက်လာတယ်။ လက်ပံတန်းသပိတ် ဖြိုခွင်းမှု နောက်ပိုင်း ပညာရေး ဆိုတဲ့ စကားလုံး ပျောက်သွားပြီး မဘသ ဆိုတဲ့ စကားလုံးက ထင်းခနဲ ဖြစ်လာတယ်။ ဥပဒေ ရေးဆွဲနိုင်လို့
အသက်ရာပြည့် မိမိကိုယ်
ကျောင်းသားတွေကို သူတို့ဘဝ မျှော်လင့်ချက်လေးတွေ ရေးစေကြည့်တယ်။ သူတို့တွေ မကောင်းတာကို သိတယ်။ ဥပမာ ပျင်းရင် ဖျင်းမယ် ဆိုတာမျိုး။ အချိန်ဟာ တန်ဖိုးရှိတယ် ဆိုတာမျိုး။ အားလုံး သိနေကြတဲ့ ပုံစံအတိုင်း သူတို့ ပုံမှန် သိနေကြတယ်။ သူတို့ ဘဝကို ပြန်သုံးသပ်ခိုင်းကြည့်တော့ သူတို့ကို သူတို့ အသုံးမကျတဲ့သူလို့ ပြန်မြင်တာမျိုးလည်း ရှိနေပြန်တယ်။ ညံ့ဖျင်းခဲ့တယ်ဆိုတာမျိုး သူတို့