အရင်ပတ်တုန်းက ဘဝစက်ဝိုင်းက နည်းနည်းအစပျိုးပြီး ရေးပေးလိုက်တယ်။ နည်းနည်းလေးလောက် ချဲ့ရေးရင် ပိုကောင်းမယ်ဆိုတာနဲ့ ကျန်တဲ့အပိုင်းလေး ငါးပိုင်းကို နည်းနည်းလေး ချဲ့ရေးကြည့်မယ်။ ဘဝစက်ဝိုင်းမှာ နံပါတ်လေးကတော့ Success and Development ဆိုတဲ့အပိုင်းလေး ဖြစ်ပါတယ်။ လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် ဘဝမှာ အောင်မြင်မှုတစ်ခုခုကို ပိုင်ဆိုင်ထားသင့်သလို ကိုယ့်ကိုယ်ကို အမြဲတိုးတက်နေအောင်လည်း ကြံဆောင်နေရပါမယ်။ အားလုံးပြောကြတဲ့အတိုင်း ဒီနေ့ငါနဲ့ မနက်ဖန်ငါ မတူစေရဘူးဆိုတာမျိုးပေါ့။
ဘဝစက်ဝိုင်း (၁)
လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ပဲခူး မေတ္တာခြံမှာ မိမိကိုယ်ကို သိရှိခြင်းသင်တန်းဆရာဖြစ် သင်တန်းကို တမူထူးခြားစွာ ပြန်လည်ဆန်းစစ်ခြင်း အဆင့်နဲ့ တက်ခဲ့ရတယ်။ အဲဒီမှာ ဆရာနတ္ထနဲ့ ဆရာမ ဂျတို့သင်တဲ့ အပိုင်းမှာ ဘဝစက်ဝိုင်းဆိုတဲ့ အပိုင်းလေးပါတယ်။ ဘဝကို သူက ရှစ်ပိုင်းခွဲခြားတယ်။ မေ့တေ့တေ့ ဖြစ်နေပြီ။ ဒါကို တလောက စာအုပ်တစ်အုပ်ဖတ်ရတယ်။ အဲဒီစာအုပ်က အဲဒီအကြောင်းကို အကျယ်ချဲ့ရေးထားတာ သွားတွေ့ရတယ်။ သူကတော့
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၉)
တလောက သင်တန်းတစ်ခု လုပ်ပြီးတဲ့နောက် အစီရင်ခံစာရေးနေတုန်း အိမ်နီးချင်းနိုင်ငံက ပြန်လာတဲ့ ရဟန်းတစ်ပါးက အစီရင်ခံစာထဲထည့်ထားတဲ့ ဓာတ်ပုံတွေကြည့်ရင်း ပြောတယ်။ “မင်းတို့ သင်တန်းခန်းမက ဆွဲဆောင်မှုမရှိဘူး” ဆိုပြီး သူက သင်တန်းခန်းမအတွင်း ဘယ်လိုလုပ်သင့်ကြောင်း ပြောတယ်။ အဲဒါက SEMS က ပြောနေကျ ပုံစံနဲ့ သွားတူတယ်။ စာဖတ်စာပွဲ ပန်းအိုး စာကြည့်တိုက်စတာတွေ ထောင့်တစ်ခုမှာ ရှိနေသင့်တယ်။ စိတ်ပြေလက်ပျောက်
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၈)
သည်နောက်ပိုင်း သင်တန်း သင်တန်းဆိုတဲ့ စကားလုံးက တော်တော်လေး ဖောင်းပွလာတယ်။ ဒါကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းသားများက သင်တန်းဆိုရင် စိတ်မဝင်စားတော့ဘဲ သူတို့ကို Workshop လို့ လူလာအောင် နာမည်ကိုပြောင်းပြီး ခေါ်ရတယ်လို့ ဖောင်ဒေးရှင်းတစ်ခုက ဆရာက ပြောဖူးတယ်။ အင်းလေ မလာချင်လောက်အောင်လည်း သင်တန်းတွေက အမျိုးမျိုးဖြစ်နေတာကိုး။ အမျိုးမျိုးဖြစ်နေတဲ့အထဲက ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာ သင်တန်းတွေမှာပါ အမျိုးမျိုးဖြစ်လာတယ်။
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၇)
သင်တန်းပေးတဲ့အခါ ရှေ့က သင်ပေးသူဟာ ဆရာ မဖြစ်ရပါဘူး။ မြန်မာနိုင်ငံက သိတဲ့ ဆရာဆိုတာမျိုးက သူသိ သူတတ်ဖြစ်လွန်းအားကြီးတယ်။ အသိ အတတ်ပညာအားလုံးက ဆရာ့ဆီကလာတာချည်း ဖြစ်အောင် ရှေ့ကနေ ကရားရေလွတ်ပြောတယ်။ တပည့်တွေကို အခွံချည်းသက်သက်ထားလေ့ရှိတယ်။ ပြောသေးတယ်။ အဖြူထည်ကို ဆေးမဆိုးမိစေနဲ့ဆိုပြီး သူရို့ပဲ ခုနှစ်ရောင်ခြယ်တယ်။ ပြီးတော့ ဆရာ့ဂုဏ်ဆိုပြီး ဖြစ်တော့တာပဲ။ သည်တော့ သင်တန်းပေးတဲ့အခါ သင်တန်းသားတွေကို ပံ့ပိုးပေးရုံပဲ
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၆)
သင်တန်းပေးရာမှာ တချို့ကိစ္စတွေ (တချို့သင်ခန်းစာတွေ) ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မြင်နေရတာက praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) ကိုပေးတယ်။ ကိုယ်တိုင်ကျတော့ praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) မဖြစ်တာမျိုးရှိတယ်။ တခါခါ အလုပ်တစ်ခုအပေါ် ဘယ်လိုခံစားပေးရမလဲ။ ဘယ်ကနေ ခံစားမလဲဆိုတာကိုတောင် မတွေ့တာ မသိတာ မခံစားတာကို တွေ့ရတယ်။ ဝတ်ကျေ တန်းကျေဖြစ်မနေဖို့ အရေးကြီးတာပဲ။ ဒါကို
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၅)
သင်တန်းတစ်ခုကောင်းကောင်းပေးချင်တယ်ဆိုရင် ရည်ရွယ်ချက်တစ်ခု ထားရမယ်။ ဒီသင်တန်းသားတွေ ဘာဖြစ်သွားရမယ်။ ဘယ်အဆင့်အထိ ရောက်ရမယ်ဆိုပြီးတော့ပေါ့။ မြန်မာစကားပုံလေးတစ်ခုကိုလည်း နားလည်ထားရမယ်။ ဒူးလောက်မှန်းမှ ရင်လောက်ကျ ဆိုတဲ့စကားပုံ။ (ရင်လောက်မှန်းမှ ဒူးလောက်ကျ မဟုတ်ဘူးနော်၊ အဲဒါ အမြဲမှားကြတယ်။ မှားစရာမရှိ ကြံဖန်မှားချင်နေသူတွေ) တစ်ခါခါကျရင်လည်း ကျော်ချင် ကျော်ပေမပေါ့။ သင်တန်းအစမှာ ပြောနေကျ ပုံပြင်လေးတစ်ခုအတိုင်းပါပဲ။ တနေ့တော့ ဂျပန်လူငယ်လေး တစ်ယောက် (ဒီနေရာမှာ တချို့က