တစ်ခွန်းတည်းသော စကားနဲ့ ဖြစ်နေတဲ့ အဓိပ္ပါယ်ရှိတဲ့ ဝေါဟာရတစ်လုံးတွေကို စာရေးကြည့်ချင်စိတ်ပေါက်ရတဲ့ အကြောင်းက လမ်းတို့ အိမ်တို့ပါပဲ။ အိမ်ကို ရေးတုန်းက သီချင်းတွေနားထောင်ပြီး ရေးတာများသွားလို့ သီချင်းများနဲ့အိမ်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် သီချင်းများနဲ့ အိမ်စသဖြင့်တော့ မလုပ်တော့ဘဲ လမ်းဆို လမ်းလို့ပဲရေးတော့မယ်လို့ စိတ်ကူးတယ်။ သို့ငြားလည်း လမ်းရေးမယ်လုပ်တော့ သီချင်းကို စနားထောင်မိပြန်တယ်။ နားထောင်မိတဲ့ သီချင်းက လေးဖြူရဲ့ လမ်း။ သူ့လမ်းက
ဒဏ်ရာ
ကျွန်တော့်ကို မွေးပြီး သိပ်မကြာခင်မှာ ကျွန်တော့် မိသားစုဟာ လူသူမနီးတဲ့ တောကြီးထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ကျွန်တော့်အမေဟာ မွေးစားသမီးဖြစ်လို့ အမွေကို မရထိုက်ဘူးဆိုတာရယ်နှင့် ကျွန်တော့်အဖေဟာ ပအိုဝ်းတပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အပြစ်တွေကြောင့် ဆိုပါတယ်။ ဒုတိယစွပ်စွဲချက်ကတော့ အကြောင်းပြချက်သက်သက်သာ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းက ပထမအချက်ပါပဲ။ ကျွန်တော့်အမေကို မွေးစားတဲ့ အဘိုးအဘွားဆီမှာ သားကြီးသြရသတစ်ယောက်ရှိပါတယ်။ မဖြစ်မနေမို့ စပ်ရရင် အမျိုးတော်ပုံက
စည်း
စည်းလို့ပြောတာနဲ့ အကြည်တော်ရဲ့ ဝတ္ထုတစ်ပုဒ်ထဲက ဘီလူးစည်း လူ့စည်းဆိုတဲ့ ဟာသလေးတစ်ခုကို သွားသတိရသလို ထင်လင်းဘာသာပြန်တဲ့ စည်းအပြင်ကလူဆိုတာကိုလည်း သတိရမိတယ်။ အကြည်တော်ရဲ့ ဝတ္ထုထဲက ဟာသမို့ ထားခဲ့ပါတယ်။ ထင်လင်းရဲ့ စည်းအပြင်ကလူကတော့ ပြောချင်တယ်။ ကျွန်တော်တို့အားလုံးလည်း အဲဒီထဲက ဇာတ်လိုက်လိုပါပဲ။ နာမည်က ဘာပါလိမ့်။ မာဆိုး လို့ထင်တယ်။ အပြင်မှာ ဘယ်လိုနေနေ အတွင်းဘက်က အဲလိုပါပဲ။ ဟန်ဆောင်ပန်ဆောင်မှမနေရင် စည်းအပြင်ရောက်မယ်လေ။
ပါဝါ
မိမိကိုယ်ကို သိရှိခြင်း သင်တန်းမှာ ပါဝါဆိုတဲ့ သင်ခန်းစာလေးတစ်ခုပါတယ်။ ပါဝါက သုံးမျိုးပါ။ Power over, Power sharing & Power within ဆိုပြီး ဖြစ်ပါတယ်။ တချို့ကျတော့လည်း Power ကို အာဏာလို့ဘာသာပြန်ကြသလို တချို့ကျပြန်တော့လည်း စွမ်းအားလို့ ဘာသာပြန်ကြတယ်။ ကျွန်တော်ကျပြန်တော့ ကိုယ် Participants တွေပြောသလိုပဲ အလျဉ်းသင့်သလိုပြောလိုက်တာပါပဲ။ စွမ်းအား ဖြစ်ချင်ဖြစ်။
ကျေးဇူး
ကျေးဇူးဆိုတဲ့ ပုဒ်က နာမ်ပုဒ်လား ကြိယာပုဒ်လား။ မြန်မာအဘိဓာန်မှာတော့ (န) လို့ရေးထားတာပဲ။ ကတ္တားဝိဘတ် ကံဝိဘတ်တွေထည့်ပြီး စကားထဲ ထည့်ပြောကြည့်တယ်။ အဆင်မပြေဘူး။ ကျေးဇူးဆိုတဲ့ ပုဒ်ကိုက အဆင်မပြေမှုအတွက် ဖြစ်လာတဲ့ ပုဒ်-ဝေါဟာရသက်သက်ပဲ ဖြစ်ရမယ်။ ဒီတော့ကာ အဆင်မပြေရင် ပြောလို့ရတယ်။ ကျေးဇူးပြုပြီးတော့ ကူညီပေးပါကွာ။ အကူအညီလည်း တောင်းလို့ရသေးတယ်။ ကူညီပြီးလို့ ဘာမှ ပြန်လုပ်မပေးချင်ရင်လည်း သူ့ကိုပဲ ပြန်ခိုင်းလို့ရတယ်။
ဆရာ
သင်တန်းပေးတိုင်း ဘဝမြစ်ပြင်ကျယ်ဆိုတဲ့ သင်ခန်းစာလေးတစ်ခု ထည့်ဖြစ်တယ်။ များသောအားဖြင့်တော့ ညဘက်မှာ ဖယောင်းတိုင်လေးထွန်းပြီး ပြောတဲ့သင်ခန်းစာပေါ့။ ည ၇ နာရီချိန်ဆိုတာက ပန်ကိရိယအလုပ်လုပ်ပြီးတော့ ခံစားလို့ကောင်းတဲ့အချိန် ဖြစ်နေလို့ပေါ့။ ဒါပေမယ့် တလောတုန်းက ဆရာနတ္ထပဲ နေ့ခင်းဘက်ကြီး အဲဒီအကြောင်းကို နေ့ခင်းဘက်ကြီး ပြောခိုင်းလို့ ပြောလိုက်ရတယ်။ အဲဒီမတိုင်ခင် Healing of Memory ဆိုတဲ့ သင်တန်းမှာလည်း နေ့ခင်းဘက်ကြီး ဘဝမြစ်ပြင်ကျယ်ကို
ကြောင်
ကြောင်လေးတွေ။ ကြောင်စီစီလေးတွေ။ ကြောင်နေတယ်လား။ ဒီကောင်က ကြောင်တောင်တောင်နဲ့ကွာ။ ဒါပေမယ့် ကြောင်ကတော့ ခြေလေးချောင်းရှိပြီး ကောင်းကင်ကို ကျောပေးထားတယ်။ ကောင်းကင်ကို ကျောပေးထားတဲ့ သတ္တဝါမှန်သမျှ အသိဉာဏ် မရှိဘူးလို့ ဆိုတယ်။ အသိဉာဏ်ရှိတယ်လို့ ယူဆရတဲ့ လူတွေနဲ့ကွဲပြားစေတဲ့ အမြီးရှည်ရှည်လေးတွေလည်း ပါတယ်။ တစ်ခါခါ တယောက်နဲ့ တယောက် နောက်ချင် ပြောင်ချင်တဲ့အခါ လူတွေကို အမြီးခိုးတပ်ပေးကြတယ်။ အဲလူက ကြောင်တောင်တောင်