တနေ့ တနေ့ ဖတ်တဲ့စာတွေထဲမှာ လူလူချင်း အဆင့်အတန်းမခွဲခြားဖို့အကြောင်းပဲ ဖတ်ဖတ်နေရတယ်။ လူဆိုတာ အဆင့်အတန်းချင်းမတူရင် ခွဲခြားဆက်ဆံရမယ်။ ဘုရားလောင်း သေတကေတု နတ်သားအဖြစ်ကို ကြည့်လိုက်ပါ။ ဘုရားဖြစ်ဖို့ နတ်များက ဝိုင်းဝန်းတောင်းပန်တော့ (၁) လူ့သက်တမ်း၊ (၂) ကျွန်း၊ (၃) ကပ်၊ (၄) မျိုးရိုးနှင့် (၅) မယ်တော်ကို ကြည့်ပြီး ဟောဒီကမ္ဘာကို ဘုရားဖြစ်ဖို့ ဆင်းလာတာ။
ပရဟိတ
နှစ်လေးဆယ်အတွင်း သူတို့ကျောင်းက ကျောင်းသားစုစုပေါင်း ၁၂၀၀ ကိုပျိုးထောင်ခဲ့ပါတယ်လို့ ပြောပါတယ်။ သေချာစာရင်းပြုစုထားတာတော့ မရှိပါဘူးတဲ့
စားသုံးသူ
စားသုံးသူ ဆိုတဲ့ စကားလုံးကို ၁၇ ရာစုနောင်းပိုင်းလောက်မှာ စတင်အသုံးပြုလာပြီးတဲ့နောက် ၁၈ ရာစုမှာတော့ ပိုမိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ကျွန်တော်တော့ စားသုံးသူဆိုတဲ့ အသုံးအနှုန်းဟာ လူတန်းစားတစ်ရပ်ကို ဖော်ထုတ်တဲ့ စကားလုံးဖြစ်တယ်လို့မြင်တယ်။ မထင်ရှားပေမယ့် အဲဒီစကားလုံးကြောင့် လူတန်းစားတစ်ရပ်ပေါ်လာတယ် မြင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံးနဲ့အတူ ပေါ်လာတဲ့ စကားလုံးလည်းဖြစ်လေတော့ လူဦးရေနှင့် မမျှ ပိုပိုသာသာထုတ်လုပ်ထားတဲ့ ဇိမ်ခံပစ္စည်းများကို အမြတ်အစွန်းများများနဲ့
ဆေးလိပ်
ဆေးလိပ်နဲ့ပတ်သက်လာရင်တော့ ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါတော့ ဆိုတဲ့ တင်မိုးရဲ့ ဧည့်သည် ကဗျာလေးကတော့ဖြင့် နာမည်ကျော်လှချည့်လို့ ပြောရမှာဖြစ်သလို အဲချင်းတွေ အရေးများလို့ အဲမယ်ခွေလို့ အမည်တွင်သွားတဲ့ မယ်ခွေရဲ့ မှာတမ်းလေးကလည်း ကျွန်တော် စာလေးပေလေး ဖတ်နေချိန်မှာ စာပေသမားများ တော်တော်လေး ငြင်းခုံရင်းအဓိပ္ပါယ်ဖွင့်ခဲ့ရတယ်လို့ ဆိုရမယ်။ ကဗျာလား အဲချင်းလား မှာတမ်းလားတော့မသိဘူး။ မြန်မာမှာက အဲဒါတွေ တော်တော့ကို
သင်တန်း (၂)
သင်တန်းဆိုတာ အမျိုးမျိုးရှိတယ်။ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဂစ်တာသင်တန်း၊ စက်ချုပ်သင်တန်း၊ တရားဟောသင်တန်း၊ သေနတ်ပစ်သင်တန်း စတဲ့ အတတ်ပညာပိုင်းဆိုင်ရာ သို့တည်းမဟုတ် ရုပ်ပိုင်းဆိုင်ရာသင်တန်းတွေရှိသလို မိမိကိုယ်ကိုသိရှိခြင်းသင်တန်း၊ နှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာသင်တန်း၊ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ စီမံခန့်ခွဲမှုသင်တန်းစတဲ့ အသိပညာပိုင်းဆိုင်ရာ သို့မဟုတ် နာမ်ပိုင်းဆိုင်ရာသင်တန်းလည်း ရှိတယ်။ အဲဒီအပြင် သက်မွေးပညာရပ်နဲ့ဆိုင်တဲ့ သင်တန်းတွေလည်း ရှိတယ်။ ဥပမာ အခုလိုချိန်မျိုးမှာ ခေါ်နေတဲ့ မန္တလေးက MIT
နှလုံး
သင်တန်းအကြောင်းပြောနေရင်း သင်တန်းက တမျိုးတည်းမပြီးတော့ ၁ နှင့် ၂ ဆိုပြီး ခပ်တည်တည်နဲ့ ရေးဦးမယ်။ လောလောဆယ်တော့ ဖွံ့ဖြိုးရေးသင်တန်းတွေမှာ သုံးလေ့ ပြောလေ့ရှိတဲ့ နှလုံးသား ဆိုတာကို အရင်ပြောကြည့်ဦးမယ်။ သင်တန်းမှာ 3 H ဆိုပြီး Heart, Head နှင့် Hand ဆိုပြီး နှလုံးသားကိုလည်း အခရာသွင်းပြီး သင်တယ်။ လုပ်တတ်နေရုံ အသိပညာရှိနေရုံနှင့်မလုံလောက်ဘူး။
သင်တန်း (၁)
သင်တန်းလို့ ကိုယ့်ကို စမိတ်ဆက်ပေးတာကတော့ ၂၀၀၀ ခုနှစ်လောက်မှာ တက်ဖြစ်တဲ့ ဂစ်တာသင်တန်းဖြစ်လိမ့်မယ်။ ဒေါင် ဒေါင် ဒင် ဒင် ဂျောင် ဂျောင် ဂျင် ဂျင်တီးတယ်။ ဝမ်း တူး သရီး ဖိုးတိုင်ပင်လေးတွေ ရွတ်တယ်။ “ဝမ်း တူး သရီးအင်ဖိုး” “ဝမ်းအင် တူးအင် သရီးအင်ဖိုး” စသဖြင့်ပေါ့လေ။ နောက်တော့ ဇော်ဝင်းထွဋ်သီချင်းဖြစ်တဲ့ မနက်ဖြန်ရဲ့လမ်းသီချင်းကို