လွယ်တာမို့လို့ လွယ်တယ်လို့ပြောရတာပါ။ လွယ်တာတောင်မှ လွယ်ပါတယ်လို့ဖြစ်ပါတယ်။ လွယ်တယ်လို့ တိုတိုဖြေရင် လွယ်ပေမယ့် သိပ်မလွယ်သလိုဖြစ်နေလို့ လွယ်ပါတယ်လို့ “ပါ” ထည့်ပြီး လွယ်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရှေးလူကြီးရော ယခုလူကြီးများပါ ပြောကြတာရှိပါတယ်။ စာဖတ်ပါ စာဖတ်ပါတဲ့။ ဖတ်ရမယ့်စာတွေ သူများအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ ရှားပါတယ်။ ဖတ်လိုက်တဲ့ စာအုပ်တိုင်းကလည်း ကိုယ့်ကို လာအမိန့်ပေးနေတဲ့ စာတွေများတယ်။ ဒီတော့ စာသိပ်မဖတ်ချင်ဘူးဗျာ။
ဒါမျိုးတွေက လွယ်ပါတယ် (၄)
လူတွေအားလုံးက ကိုယ့်ကိုယ်ကို ထူးခြားတယ်လို့ ထင်ကြတယ်။ ကိုယ်ဟာ သာမန်မဟုတ်ဘူးလို့လည်း ထင်ကြတယ်။ ပြီးတော့ ကိုယ်ဟာ ကိုယ့်လောကမှ ဇာတ်လိုက်ဖြစ်နေတတ်တယ်။ မှန်ပါတယ်။ လူတွေအားလုံး ဇာတ်လိုက်တွေပါ။ ပြီးတော့ အားလုံးလည်း ဇာတ်ရံတွေပါပဲ။ ကိုယ့်ဘဝကျ သို့မဟုတ် ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ ခံယူပြီး သူများကိုကျ ဇာတ်ရံလို့သတ်မှတ်နေလို့လည်း လူတွေအားလုံးဟာ ဇာတ်လိုက် ဖြစ်မလာကြတာ များပါတယ်။ အားလုံးကို ဇာတ်လိုက်လိုဆက်ဆံမှ
ဒါမျိုးတွေက လွယ်ပါတယ် (၃)
စဉ်းစားရာမှာ အနှေးစဉ်းစားနည်းရယ် အမြန်စဉ်းစားနည်းရယ် ဆိုပြီး စဉ်းစားနည်း နှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးထဲမှာ အမြန်စဉ်းစားနည်းတွေနဲ့ စဉ်းစားရင် မှားတတ်ကြတယ်လို့ ဆိုပါတယ်။ မြန်မြန်စဉ်းစားခြင်းဟာ ယုတ္တိဗေဒရှိရှိပေါ်လာတာမဟုတ်ပဲ အလိုအလျောက် သိစိတ်နဲ့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်ခင်ဗျ။ ဒါပေမယ့် သည်ခေတ် သည်ခါမျိုးမှာ ယုတ္တိဗေဒတွေ အချက်အလက်ကျကျတွေ စဉ်းစားနေဖို့ အချိန်မရှိဘူး မဟုတ်ပါလား။ အနှေးစဉ်းစားရမယ့်လမ်းက အချိန်ယူရတယ်။ လေးပင်တယ်။
ဒါမျိုးတွေက လွယ်ပါတယ် (၂)
ကဲနောက်တမျိုးလာပြန်ပြီ။ တကယ်ပြောရတာလွယ်တဲ့အလုပ်မို့ လွယ်လွယ်လေးပဲ ပြောမယ့် အရာတွေ ဖြစ်ပါတယ်။ လိုက်လုပ်လို့ ရူးသွားရင် ကျုပ်နဲ့မဆိုင်ဘူး။ လိုက်လုပ်လို့ မအောင်မြင်တဲ့အခါ မဖြစ်တဲ့အခါ ကျုပ်နဲ့ မဆိုင်ဘူး။ ဒီတစ်မျိုးက ဘာလဲဆိုရင် ငွေကို ဘယ်လိုရှာမလဲ ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ Facebook မှာလည်း နောက်ပိုင်း ပြောတတ်တာက ပိုက်ဆံရအောင်ရှာပါ။ ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးထိ ပြောကြတာ မဟုတ်ပါလား။
ဒါမျိုးတွေက လွယ်ပါတယ် (၁)
စာကလေးတိုတို နန့်နန့်လေးတွေ ရေးကြည့်ချင်ပါသေးတယ်။ လိုက်လုပ်ဖို့မဟုတ်ပါဘူး။ ဖတ်ကြည့်ဖို့ပါ။ အော် စိတ်ညစ်ချင်ရင်တော့ လိုက်လုပ်ပေါ့ဗျာ။ မဖြစ်နိုင်တာတွေကို ဖြစ်ခိုင်းတဲ့ကိစ္စကို ဖြစ်အောင်လိုက်လုပ်ရင် စိတ်ညစ်တာပဲ။ ကဲ မဖြစ်နိုင်တာတွေဆိုတာက ဘာတွေများလဲ။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အောင်မြင်ရန်အတွက် လိုက်နာရမည့် အချက် (၁၂) ချက်ဆိုတာမျိုးဗျာ။ တကယ်ပြောတာ။ စပြီ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အောင်မြင်ရန်အတွက် လိုက်နာရမည့် အချက် (၁၂) ချက်
မီးခိုး
အရင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ အိမ်တွေက အိမ်ထဲမှာ မီးဖိုအတွက် အခန်းတစ်ခန်းဖွဲ့ပြီး မီးဖိုကို အိမ်ထဲမှာပဲ ထားတတ်ကြတော့ မနက်စောစော အိမ်က တယောက်ယောက် ထမင်းဟင်း ထချက်ပြီဆိုတာနဲ့ အိမ်ထဲမှာ မီးခိုးတွေ ဝေနေတတ်ပါတယ်။ သူများအိမ်တော့ မသိဘူး။ ကျွန်တော့်အိမ်က အဲလိုပဲ။ ပြီးတော့ ပအိုဝ်းတိုင်းရင်းသား အများစုက သနပ်ဖက်လုပ်တတ်ကြတယ်။ သနပ်ဖက်က တစ်နှစ်မှာ အနည်းဆုံး လေးသီတင်းလောက် မီးမပြတ်အောင်မွေးပြီး
အသိုင်းအဝိုင်း
သည်နေ့ ရဲနိုင်ဝင်းနှင့် ယဉ်ငြိမ်းခင်ဝါအောင်တို့ကောင်းမှုကြောင့် ထူးထူးခြားခြား professional leadership program – plp ဆိုတဲ့ တောင်ကြီး ကုန်သည်ကြီးများအသင်း (SSSCCI) မှာကျင်းပတဲ့ ဆီမီနာတစ်ခုကို ရောက်ဖြစ်တယ်။ ထူးထူးခြားခြားဆိုတာက ဒီလိုပွဲမျိုးကို တစ်ခါမှ မတက်ဖူးတာပါ။ မတက်ဖူးရခြင်းအကြောင်းကလည်း တက်ချင်စိတ် မရှိတာကြောင့်ပါ။ တက်ချင်စိတ် မရှိတာကလည်း ကိုယ့်ရဲ့ လူမှုကွန်ယက်အသိုင်းအဝိုင်းက အကောင်းတစ်ခါမှ အပြောမခံရတဲ့ ဟောပြောသူတွေ